အပိုင်း - ၈

33 3 0
                                    

ကားပေါ်ရောက်သည်အထိကို မငိုမတိတ်သေးသည့်အပြင် ပို၍တောင် ငိုလာသည့် အကိုကြောင့် တစ္ဆေ မှာ မချော့တတ်၍ ဒီတိုင်း ကားကိုသာ မြို့တစ်ပတ် လျှောက်မောင်းနေရလေသည်။

အကိုနဲ့ သုံးခါမြောက် ဆုံတွေ့လိုက်ချိန်မှာတော့ ဒါဟာ လူတွေပြောကြတဲ့ ဖူးစာဆိုတဲ့အရာပဲ ဆိုပြီး ပျော်နေတုန်းရှိသေး အကို နှင့် ခွန်းစေခစား ဆိုသည့် လူနှင့် ကြားထဲတွင် သိပ်ပြီးတော့ မရိုးသားသည့် ဆက်ဆံရေးမျိုး ရှိသော်လည်း ဖုံးကွယ်ထားသည့် ပုံပေါ်နေသောကြောင့် အနည်းငယ်တော့ စိတ်ထဲ ဘဝင်မကျချင်ပေ။

နောက်ဆုံးတော့ တစ္ဆေ မနေသာတော့ဘဲ.....

"အကို... အကိုနဲ့ ကျွန်တော် တွေ့တာက ဒါနဲ့ဆို သုံးခါမြောက်နော်... တစ်ယောက် နဲ့ တစ်ယောက် နာမည်တောင် မိတ်မဆက်ကသေးဘူးပဲ...

ဒါဖြင့် ကျွန်တော်ကပဲ မိတ်ဆက်ရတာပေါ့...

ကျွန်တော့် နာမည်က ခွန်ရှန်းတစ္ဆေ.... အကယ်လို့ နာမည်က သိပ်ရှည်နေရင်လည်း ကျွန်တော့် ကို 'မောင်' လို့ ခေါ်လို့ရတယ်ဗျ..."

ထိုသို့ ပြောမှသာ အကိုက မိမိ ဘက်သို့ မျက်နှာမူလာပြီး....

"တောင်းပန်ပါတယ်... မောင် ဆိုတဲ့ နာမ်စားက တစ်ယောက်သောသူအတွက်ပဲမလို့ ကျန်တဲ့သူတွေကို လိုက်ပြီးတော့ မခေါ်နိုင်ဘူး...."

ကားမောင်းနေသည့် တစ္ဆေ ၏ စိတ်အစုံဟာ လွတ်လာသလို အကို စကားတို့သည်ကား နားထဲတွင် ပျံဝဲနေလေသည်။

သို့သော် အတတ်နိုင်ဆုံး ထိန်းလိုက်ကာ...

"ဟိုတစ်ယောက်နဲ့မလား... ဘာတဲ့... နာမည်က ဘာခစား ဆိုလားပဲ...."

"ခွန်း စေ ခ စား"

ထိုလူ ၏ နာမည်ကို တစ်လုံးချင်စီ ခပ်တွေတွေလေး ပြောလာသည့် အကို....

"အာ... ဟုတ်တယ်..... အဲ့တစ်ယောက် နဲ့က ချစ်သူတွေမလား...."

ကိုယ်ချစ်ရတဲ့ လူတစ်ယောက် ရဲ့ ချစ်ရသူ အကြောင်းကို ပြောနေရတာ နည်းနည်းတော့ နာကျင်ရတာပေါ့ဗျာ။

"သိသာသွားတာလား...."

"အင်း... သူ နဲ့ စန္ဒကူး ဆိုတဲ့ ကောင်မလေးနဲ့ အတူတူရှိချိန်ဆို အကို့ မျက်နှာလေးက ညှိုးကျသွားတာ... ကျွန်တော် တွေ့လိုက်တယ်...."

ဒုတိယလူ (သို့) မောင်Donde viven las historias. Descúbrelo ahora