တစ္ဆေ အိမ်ပြန်လိုက်ပို့ပေးတော့ အိမ်စီသို့ ချောမွေ့စွာ ရောက်သွားသော်လည်း စိတ်တို့က ချောမွေ့မနေချေ။
ရေခဲသေတ္တာထဲတွင် ထည့်ထားတတ်သည့် ဘီယာတစ်ဗူးကို ယူလိုက်လေပြီး ဖောက်ကာဖြင့် အဝတ်အစားတောင် မလဲနိုင်လေဘဲ ထိုင်သောက်နေလေသည်။
အခန်းမီးတို့ကိုလည်း မဖွင့်နိုင်လေဘဲ တီဗီကိုဖွင့်ထား၍ တီဗီမှ ထွက်လာသည့် အလင်းရောင်မျိုးစုံသည်ကား ဆိုဖာပေါ်တွင် ကျောက်ရုပ်ကြီးလို ထိုင်နေသည့် စဝ်စဉ့်ကူးသာ ထံသို့ ရောင်ပြန်ဟပ်နေလေသည်။
ဘာအမြည်းမှ မရှိလေဘဲ ဘီယာကို အသားလွတ်ကြီး ထိုင်သောက်နေတာ အခုဆိုလျှင် ငါးဗူးမြောက်....
သို့သော် ယခုထိ မမူးလာသေးပေ။ မူးသည်အထိကို သောက်မည်ဟု စိတ်ကူးထား၍ ဆက်သောက်နေမိလေသည်။
ထိုအချိန် သတင်းဌာနမှ ကျေငြာလာသည့် သတင်းတစ်ခု...
ထိုသတင်းကြောင့် စဝ်စဉ့်ကူးသာ ၏ မျက်လုံးတို့က အယောင်လတ်သွားလေသည်။
ထိုသည်ကား....
K Group ၏ ဆက်ခံသူ ခွန်းစေခစား နှင့် T Group ၏ ဆက်ခံသူ စန္ဒကူးသာယာ တို့ ၏ လက်ထပ်ပွဲသတင်းပင် ဖြစ်လေသည်။
နှစ်ယောက်သား တွဲရိုက်ထားသည့် ပုံဖြင့် တက်လာသည့် ထိုသတင်းကိုကြည့်ကာ စဝ်စဉ့်ကူးသာ တစ်ယောက် ခပ်ပြုံးပြုံးလေးနှင့်သာ....
အင်း... ထိုအမျိုးသမီးနှင့် မောင် က သိပ်ကို လိုက်ဖက်လွန်းပါတယ်လေ။
နာကျင်နေသည့် နှလုံးသားကို လျစ်လျူရှုကာဖြင့် ထိုသတင်းကိုသာ ဆက်၍ ကြည့်နေမိလေသည်။
ဆက်တိုက်တက်လာသည့် မောင် နှင့် သူမ တို့ တွဲရိုက်ထားသည့် ဓာတ်ပုံများ....
ဘီယာလောက်နှင့် မမူးသောကြောင့် အခန်းထောင့်တွင် ထောင်ထားသည့် Black Label တစ်ပုလင်းကို ယူလိုက်ကာ ဘာမှ မရောလေဘဲ ပုလင်းလိုက် မော့ချလိုက်လေသည်။
ပုလင်းတစ်ဝက်လောက်ရောက်သော် ခုနက သောက်ထားသည့် ဘီယာ အရှိန်ကြောင့်ရော ၊ Black Label ၏ အစွမ်းကြောင့်နဲ့ပါ တရိပ်ရိပ်မူးတက်လာကာ နောက်ဆုံးတော့ မခံနိုင်တော့၍ ဆိုဖာပေါ်လှဲချလိုက်ကာ မျက်လုံးထဲတွင် အတိတ်တုန်းက မောင် နှင့် ပျော်ခဲ့သည့် ပုံရိပ်များကို ပြန်လည်ရေတွက်ရင်း အိပ်ပျော်သွားလေသည်။
YOU ARE READING
ဒုတိယလူ (သို့) မောင်
Romanceဒုတိယဆိုတဲ့နေရာကို မကြိုက်လို့တောင် ငယ်ငယ်ကတည်းက ပထမကိုပဲ ယူလာခဲ့တဲ့ ကျွန်တော်က အကိုနဲ့တွေ့မှ ဒုတိယလူ တဲ့လားဗျာ...