အပိုင်း၁

4.3K 100 7
                                    

အရှင်မအလိုကျ အပိုင်း၁

စန္ဒာဒေဝီ
၁၇
" ဒီအရှင်က မယ်မင်းခန္ဓာကိုယ်ကိုတောင်းတတယ် "

မု‌ဒြာ
၃၃
" ကျွန်နော်မျိုးမရဲ့အသက်ခန္ဓာအစုံဟာအရှင်မအပိုင်ပါဘုရား "

ကြိးမားကျယ်ပြန့်ပြီး ရွှေရောဂ်တလက်လက်တောက်ပနေသည့်နန်းတော်ကြီးထဲတွင် ပြေးလွှားနေသော ကလေးနှစ်ဦး။ထိုကလေးတွေနောက်မှ အထိန်းတေယ်ဖြစ်ဟန်တူသည့် အမျိုးသမိးများမှာမောပန်းစွာပြေးလိုက်နေကြရသည်။

" အိမ်ရှေ့စံ မင်းသားလေး ဘုရားအန္တာရာယ်များပါတယ် ဆင်းခဲ့ပေးတော်မူပါ "

လျင်မြန်စွာသစ်ပင်ပေါ်ရောက်သွားသောကလေးနှစ်ဦးကြောင့် အထိန်းတော်များဟာ အောက်ဘက်တွင်ဆိုးရိမ်တကြီး‌အော်ခေါ်နေကြသည်။

" အကိုတော် အကိုတော့်ရဲ့ အထိန်းတေယ်တွေက တယ်ဆူသကိုး။နှမတော်အထိန်းတော်ဘယ်မှ အဲ့လိုမဆူညံဘူး "

" ဘယ်မှာရှိစ နှမတော်ရဲ့အထိန်းတော်က "

" ဟိုမှာလေ "

ကလေးတစ်ဦးရဲ့ လက်ညှိုးညွှန်ပြရာကိုလိုက်ကြည့်လိုက်သည့် အိမ်ရှေ့စံမင်းသားဟာ ၁၂နှစ်ခန့်သာရှိဦးမည်။ညွှန်ပြလိုက်သည့် ကလေးကတော့ ၁၀နှစ်ခန့်သာရှိသေး၏။ထိုကလေးရဲ့ညွှန်ပြရာသည် ဆူညံ့နေသည့် အထိန်းတော်များ၏ အနောက်ဘက်နေရာတွင် သူတို့အားပြုံး၍ က်ြည့နေသော အမျိုးသမီးတစ်ဦးရှိလေသည်။အထိန်းတော်ဝတ်စုံဟာ ထိုအမျိုးသမီးဖြင့် တင့်တယ်နေသလိုပင်။နေရောင်အောက်မှာမြင်ရတဲ့အပြုံးနုနုကလည်း အေးချမ်းစေသည်။သူ့နှမတော်မှာ ထိုသို့လှပသည့် အထိန်တော်ရှိတာအိမ်ရှေ့စံမသိခဲ့ရိုးအမှန်ပါ။

" အို တယ်လှသကိုး။ "

ရှေးခေတ်အချိန်အခါတွင် ၁၂အရွယ်တိုသည်မှာ အိမ်ထောင်ပြုရန်စီစဉ်ရသည့်အရွယ်ဖြစ်သည်။အိမ်ရှေ့စံမင်းသားဟာလည်း စေ့စပ်ထားသည့် မိဖုရားရှိပြီးပြီဖြစ်သော်ငြား ယောကျာ်းတို့သဘာဝ လှတာမြင်ရင် ရချင်တတ်၏။

" နှမတော်ရဲ့ အထိန်းတော်ကို အကိုတော့ိကိုပေးပါလား။အကိုတော် အခြွေအရံတွေအများကြိးပိုပေးစေမယ်လေ "

အရှင့်အလိုကျWhere stories live. Discover now