အရှင့်အလိုကျအပိုင်း၃
မဲမှောင်နေသည့် အမှောင်ယံညအချိန်တစ်ခုမှာ လမင်းရဲ့အလင်းရောင်တစ်ခုသာ ထွန်းလင်းလို့နေ၏။ ထိုအမှောင်ထဲတွင်လှုပ်ရှားနေသော အမဲရောင်အရိပ်များဟာ နန်းတွင်းအကျဉ်းထောင်ထံသို့ဦးတည်နေကြသည်။နံရံများကိုကျော်တက်ကာ အစောင့်များကို အမြန်သတ်လိုက်ပုံမှာ ကျွမ်းကျင်သူများဆိုတာသိနိုင်ပေ၏။
" သခင် "
အမဲရောင်အရိပ်များဟာ အကျဉ်းထောင်ထောင့်တွင်ထိုင်နေသည့် သူကို ဒူးထောက်ကာ ဦးညွှန်လိုက်ကြ၏။
" နောက်ကျတယ် "
" ခွင့်လွှတ်ပါ သခင် စစ်သူကြီးနောင်လွန်ရှိန်က ညနက်မှအိပ်ဆောင်ပြန်သွားသည့် အတွက်ကြောင့်နောက်ကျနေခြင်းပါ။ ပြီးတော့ ...."
အနက်ဝတ်လူများဟာ စကားကို ချက်ချင်းရပ်လိုက်ကြကာ ဆက်ပြောသင်သလား။ မသင့်သလားကို စဉ်းစားချင့်ချိန်နေကြဟန်တူ၏။ထိုအချိန်ထောင့်နားမှာထိုင်နေသည့် လူဟာ စိတ်မရှည်ဟန်ဖြင့် ထလာတော့၏။အကျဉ်းထောင်၏ အပေါက်သေးသေးလေးမှ ဝင်နေသော လရောင်မှာ ထိုသူထံသို့ကျရောက်သွားခဲ့သည်။ထိုသူမှာ နန်းကျဘုရင်၊ ညီမဖြစ်သူကိုရှုံးနိမ့်ခဲ့သည့် ဘုရင်သူရိမ်မဟူရာပင်။
" ဆက်မပြောသေးဘူးလား!!! "
" သ...သခင် စစ်သူကြီး နောင်လွန်ရှိန်က သ...သခင့် မိဖုရားကို သိမ်းပိုက်သွားပါတယ်ဘုရား "
ပြောပြိးသည်နှင့်အနက်ဝတ်လူတွေအကုန်ဟာ ခေါင်းတွေငုံထားလိုက်ကြသည်။သူတို့သခင်၏ ဒေါသက သူတို့စီကျရောက်လာမှာဆိုးရိပ်ကြဟန်တူ၏။အတန်ကြာတိတ်ဆိတ်နေပြီးမှ ဒေါသသံကိုကြားလိုက်ရသည်။
" သွားမယ် ။ ငါကိုယ်တော်ပြန်ရောက်လာရင် အဲ့လူတွေအကုန်အရှင်မထားဘူး။ "
အရိပ်ပေါင်းများစွာဟာ နန်းမြို့တော်ကြိးကိုဖြတ်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့တော့သည်။ထိုသည်ကို မိမိချစ်ရသူများဖြင့် ကောင်းမွန်စွာအိပ်ပျော်နေသည့် သူများကတော့မသိလိုက်ကြပေ။
__________
နံနက်ခင်းရောင်ခြည်ဟာ ပြတင်းပေါက်မှဝင်ရောက်လာခဲ့ပြီး သလွင်ထက်မှ မိန်းကလေးနှစ်ယောက်ထံသို့ကျရောက်လာခဲ့သည်။ ရင်ခွင်ထဲရျှိမိန်းကလေး၏ နူးညံ့ဖြူအုလှူည့် ပုခုံးသားလေးများမှာ အနည်းငယ် ပန်းရောင်သန်းနေသည်မှာ မြတ်နိုးစဖွယ်။ထိုအချိန် မျက်တောင်များလှုပ်ခါကာ နိုးလာသည့် တစ်ယောက်သောသူ။
YOU ARE READING
အရှင့်အလိုကျ
Fantasythis is my owner story. don't read a kid!! I give this story warning ⚠️