10

274 42 0
                                    

Unicode

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

အပိုင်း ၁၀

 

အဲ့ဒီအချိန် အနီးနားရှိ အခြားရဲအရာရှိတစ်ဦးဆီကနေ အော်သံထွက်လာသည်။ "အစ်ကိုလီ၊ ကလေးက ဆေးမိပြီး သတိလစ်သွားတဲ့ပုံဘဲ!"

စုန့်အာ့နန်နဲ့ စကားပြောနေတဲ့ အရာရှိက ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ "လူနာတင်ကားခေါ်လိုက်! ကောင်လေးကို အရင်စစ်ကြည့်လိုက်"

ဒါကိုကြားတော့ အခင်းဖြစ်ပွားရာနေရာက လူတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်နေကြတဲ့ လူတွေအားလုံး  ဘာတွေဖြစ်နေလဲဆိုတာ သဘောပေါက်သွားကြသည်။

[သေစမ်း! ငါ ခုထိ သတိမထားမိလိုက်ဘူး။ ကောင်လေးက အရင်အော်လိုက်ပြီးတော့ အဲ့ဒီမိန်းမရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေခဲ့တာ အံ့သြစရာ မရှိတော့ဘူး။ သူ့ကို ဆေးခတ်လိုက်တာဘဲ!]

[F*ck! သူတို့က လူကုန်ကူးတဲ့သူတွေဖြစ်ရမယ်! ဘယ်သူက မေ့ဆေးတွေဆောင်ပြီး ကလေးအပေါ် သုံးမှာလဲ?]

[နေ့ခင်းကြောင်တောင် ဒီလို ပြောင်ပြောင်တင်းတင်း လုပ်တာ ကြောက်စရာဘဲ!  အန်တီလေးကို ကျေးဇူးတင်ရမယ်။ ကလေးက အသက်အန္တရာယ် စိုးရိမ်ရတာကို]

[ဟားဟား၊ အန်တီလေးကို 'ဟန်ဆောင်နေတာ' လို့ ပြောခဲ့တဲ့သူတွေ ဘယ်မှာလဲ? ထွက်လာပြီး မီးလာမွှေးဦးလေ!]

ဒီလိုနဲ့ဘဲ  ယောက်ျားနှစ်‌ယောက်နဲ့ ဒီမိန်းမဟာ မကောင်းတဲ့သူတွေလို့ အခြေခံအရ သတ်မှတ်လိုက်ကြသည်။

ရဲအရာရှိက မြေပြင်ပေါ်မှာရှိတဲ့ လူ‌တွေကို တင်းတင်းမာမာနဲ့ ကြည့်လိုက်ကာ စုန့်အာ့နန်ကို မေးလိုက်သည်။ "ဒီနှစ်ယောက်ကို ဘယ်သူချလိုက်တာလဲ?"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ကာ "ကျွန်မပါ"

အရာရှိက သူမကို ဗလာသပ်သပ် ကြည့်လာသည်။ "ဘာ?"

စုန့်အာ့နန် - "သူတို့ကို ချုပ်ထားတဲ့သူက ကျွန်မပါ"

ရဲအရာရှိရဲ့ မျက်လုံးတွေက မယုံကြည်နိုင်စွာနဲ့ ပြူးကျယ်သွားသည်။ စုန့်အာ့နန်နဲ့ မြေပြင်ပေါ်ရှိ လူနှစ်ယောက်ကြား သူက အကြိမ်ပေါင်းများစွာ ကြည့်ရင်း လုံးလုံး အံသြသွားသည်။

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်း အဆင့် အန်တီလေး (ဘာသာပြန်)Where stories live. Discover now