17 / 18 (Uni)

230 35 0
                                    

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်းအဆင့် အန်တီလေး

အပိုင်း ၁၇

   

စုန့်လင်းချွမ်ရဲ့ ဆုံးဖြတ်ချက်ကို ကျန်းဟန် အစပိုင်းမှာနည်းနည်း အံ့အားသင့်သွားခဲ့ပေမယ့် နောက်တော့ သူလက်ခံလိုက်သည်။

တရားစွဲပါစေ၊  တကယ်တော့ စုန့်အာ့နန် နဲ့ ပတ်သက်တဲ့ ကောလဟာလတွေကို စုန့်လင်းချွမ်ရဲ့ antifans တွေက အများဆုံး ပျံ့အောင်လုပ်ခဲ့တာ။ ဒါက အဲ့ဒီ antifans တွေကို သတိပေးဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။

စုန့်အာ့နန်က စာကြမ်းပိုးဆိုတဲ့ နာမည်နဲ့လိုက်သည်။ သူမလက်ထဲက စာအုပ်ကို လုံးလုံးလျားလျား အာရုံစိုက်ထားပြီး စာမျက်နှာတစ်ခုပြီးတစ်ခု လှန်တဲ့အခါတောင် ခေါင်းတစ်ခါမှ မထောင်လာပေ။

အချိန်အတော်ကြာတော့ စာဖတ်ရတာ ပင်ပန်းလာသလို သူမခံစားလိုက်ရပြီး လက်နှစ်ဖက်ကို ဆန့်လိုက်ကာ နံရံပေါ်က နာရီကို မော့ကြည့်လိုက်တော့  ၁၁ နာရီ ၃၀ ကျော်နေပြီမှန်း တွေ့လိုက်ရပြီး သူမ လန့်သွားသည်။

သူမဒီလောက် အကြာကြီး စာဖတ်လိုက်မိမှန်း မသိလိုက်ဘူး။

စုန့်လင်းချွမ် သူ့ထိုင်ခုံမှာမရှိတာကိုမြင်တော့ စုန့်အာ့နန်လည်း စာအုပ်ကိုပိတ်လိုက်ပြီး ထလိုက်ကာ သူ့ကိုသွားရှာလိုက်တော့ ကျန်းဟန်နဲ့ စုန့်လင်းချွမ်တို့ စာကြည့်ခန်းဘက်ကနေ လျှောက်လာတာကို တွေ့လိုက်ရသည်။

"အန်တီ‌လေး၊ ငါ့ကို ရှာနေတာလား?" စုန့်လင်းချွမ်က မေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်၊ နေ့လည်စာစားချိန်နီးနေပြီဆိုတော့ ငါတို့ဘာစားကြမလဲလို့ မေးမလို့"

သူမက အမြဲတမ်း အစာစားချင်စိတ်က စာဖတ်ခြင်းကလည်း သူမကို ဗိုက်ဆာစေတာကြောင့် အခု သူမအရမ်းဗိုက်ဆာနေပြီဖြစ်သည်။

ကျန်းဟန်က အဲ့ဒီစကားကိုကြားတော့ နှစ်ယောက်သား ဘာစားချင်လဲလို့ မေးလိုက်ပြီး အစားအသောက်တွေကိုမှာလိုက်သည်။

ဖျော်ဖြေရေး နယ်ပယ်ထဲက ထိပ်တန်း အဆင့် အန်တီလေး (ဘာသာပြန်)Where stories live. Discover now