chapter 1

97 10 0
                                    


နင်းချန်၏ညအချိန်၌ တောက်ပသောမီးအရောင်များသည်မျက်စိကိုပြာသွားစေ၏။  ဘားလမ်းနေရာသည် အလွန့်အလွန်ကိုစည်ကားလျက်ရှိသည်။လူအများသည် တစ်ဦးကိုတစ်ဦးဖြတ်လျက်သွားနေကြသည်။ပျော်ရွှင် ရယ်မောနေကြမှုများ၏အလယ်၌ အရပ်ရှည်၍ပိန်ပါးသော ရုပ်သွင်သည် အထူးသီးသန့်ထင်ရှားပေါ်လွင်နေသည်။

လင်းယန်ရဲ့ခြေလှမ်းများသည် တုန်ခါနေပြီးမတည်မငြိမ်ဖြစ်နေသည်။သူသည် နံရံကိုမှီပြီး အနည်းငယ်မောဟိုက်နေခဲ့သည်။ သူ့ရဲ့ကျဥ်းမြောင်းတဲ့မျက်လုံးထဲတွင် အရက်ကြောင့် ရှုပ်ထွေးမှုတွေနှင့်ပြည့်နေခဲ့သည်။ လူတွေကသူ့နားကနေဖြတ်သွားခဲ့ကြသည်။တစ်ခါတစ်ရံ လူတွေကသူရဲ့မျက်နှာလေးကိုအကြိမ်နည်းနည်းလောက်ပိုပြီး မကြည့်ဘဲမနေနိုင်ခဲ့ကြဘူး။ဒါပေမယ့်  အရက်သောက်နေကြတဲ့လူငယ်များမရေမတွက်နိုင်အောင်ပင် နေ့တိုင်းြမင်နေ ကြသည်။ လူတွေကအဲဒီအခြေအနေနဲ့နေသားတကျရှိနေပြီဖြစ်သည်။

ထိူအချိန်မှာ လင်းယန် သူ့ခေါင်းထဲမှာအပူတွေအကြိမ်ကြိမ် ထိုးတက်လာတာကိုခံစားနေရသည်။ သူအတော်လေးမသက်မသာခံစားနေရသည်။ သူအသက်အနည်းငယ်ရှူပြီး မတ်တပ်ရပ်ဖို့ကြိုးစားရန် လှုပ်လိုက်သည်။ သူလှည့်လိုက်တာနဲ့ ဘေးကဘားကနေထွက်လာတဲ့လူနဲ့တိုက်မိသွားခဲ့တယ်။

အရက်ရဲ့လွှမ်းမိုးမှုအောက်မှာ လင်းယန်ရဲ့ဒေါသသည် ကြိမ်ဖန်များစွာတိုးလာခဲ့တယ်။ သူ့ခေါင်းကိုမြှောက်လိုက်ပြီး အခြားသူရဲ့နှာခါင်းကိုလက်ညှိုးထိုးလိုက်သည်။

''ငါပြောမယ် မင်း.....''

အခြားလူရဲ့မျက်နှာကိုမြင်လိုက်တဲ့အခါ သူ့စကားတွေကရပ်သွားခဲ့တယ်။

ထိုလူဟာအနက်ရောင်ဝတ်ဆင်ထားပြီး နီယွန်မီးရောင်နဲ့အရိပ်များသည်သူ့ပတ်လည်မှာဝန်းရံနေသလိုထင်ရသည်။ ယခုတွင် ထိုလူသည် သူ့ရဲ့မျက်ခုံးကို အနည်းငယ်တွန့်ချိုးထားသော်လည်း အဲဒါကသူရဲ့ ပြည့်ပြည့်စုံတဲ့မျက်နှာအမျိုးအစားကို အမြင်ပိုင်းမှာမပျက်စီးစေခဲ့ပါဘူး။

သူ့ဘေနားကိုလျှောက်လာတဲ့လူဟာ မူလကသူ့နောက်ကလိုက်လာခဲ့တဲ့သူပါ။ ပခုသူတို့ရပ်သွားခဲ့ပြီး လူနှစ်ဦးအကြားစိတ်ဝင်စားစွာနဲ့ကြည့်နေခဲ့တယ်။

E sport လောကရဲ့ အဆိပ်အတောက်စုဝေးစခန်းWhere stories live. Discover now