Chapter 9

30 7 0
                                    

Unicode

ရက်အနည်းငယ်ကြာပြီးနောက် Burning Hot Assembly Show ၏ Weiboစာမျက်နှာကို တရားဝင်ချပြခဲ့သည်။တစ်ချိန်တည်းမှာပင် ပရိုဂရမ်၏ ပထမအပိုင်းတွင်ပါဝင်သော အသင်းအားလုံး၏စာရင်းသည်လည်း ထွက်လာခဲ့သည်။ထိုစာရင်းထဲမှ အသင်းများမှာ secondary league ၏ ဒုတိယတန်းအသင်းများ ဖြစ်သည်ကိုတွေ့နိုင်ပေသည်။

QU, IBBနှင့်အခြားအသင်းများကလည်း professional league သို့ဝင်နိုင်ရန်ထပ်ခါထပ်ခါ ကြိုးစားခဲ့ကြသလို လောလောလတ်လတ်ကမှချောင်ထိုးခံလိုက်ရသည့် WAGနှင့်အခြားအင်အားကြီးအသင်းများလည်း စာရင်းတွင်ပါလာသောကြောင့် ရသစုံရှိုး၏သတင်း စတင်ထွက်ပေါ်လာစဉ်ကနှင့်စာလျှင် ဝေဖန်အပြစ်တင်မှုနည်းပေသည်။

Professional league ထဲကိုဝင်နိုင်ရန် အတွက်နောက်ထပ်အပိုအခွင့်အရေး ရှိလာခြင်းက ကလပ်၏ဖန်များအတွက် အဆင်ပြေလှပေသည်။ထိုစာရင်းထဲတွင် သူ၏တမူထူးခြားနေမှုကြောင့် အာရုံစိုက်အခံရဆုံး အသင်းတစ်သင်းရှိ‌သည်။

[GHက ဘယ်ကပေါ်လာတာလဲ?တစ်ယောက်ယောက်များအဲ့အသင်းကို ကြာဖူးကြလား?]

[ငါလည်းမသိဘူး!ငါရှာကြည့်ပြီးပြီ နောက်ပြီး အဲ့တာနဲ့ပက်သက်ပြီး ထုတ်ပြန်ထားတဲ့ ဘာသတင်းအစအနကိုမှ မမြင်ရဘူး]

[ဘယ်လိုအခြေအနေကြီးလဲ?အစားအထိုးအသင်းတွေအများကြီးရှိတာကို သူတို့ကို အခွင့်အရေးလေးတစ်ခါလောက်ပေးလိုက်တာ မကောင်းဘူလား?]

[ဒီမှတ်ပုံမတင်ထားတဲ့အသင်းက ဘယ်ကနေပေါ်လာလဲ မသိဘူး? သူတို့ကအဆက်အစပ်ရှိလို့လား?]

[အပေါ်က လူတွေက တော်တော်ဗဟုသုတခေါင်းပါးကြတာပဲ့။ရသစုံရှိုးအတွက် အမြောက်စာအသင်း တစ်သင်းနှစ်သင်းလောက်တော့ ကြိုပြင်ထားသင့်တယ်လေ။အခြားနည်းနဲ့ ပြောရမယ်ဆို ပထမအချီကတည်းက အချို့အသင်းတွေကိုထုတ်ပစ်ဖို့ကြ မသင့်တော့ဘူးလေ]

[စောက်ကျိုးနည်း, အပေါ်ကညီအစ်ကိုတွေပြောတာကြောင့် ရှင်းသွားပြီ]

ထိုကဲ့သို့သော ဝေဖန်အကဲဖြတ်ချက်များသည် ကြာကြာပင် မခံလိုက်။

နောက်ဆုံးတော့လည်း, လူမသိသူမသိ အသေးစားအသင်းလေးကို လူသိများလာအောင်ထောက်ပံ့ပေးဖို့ ဘယ်သူမှစိတ်မဝင်စားတော့။မှတ်ချက်ဧရိယာတွင် လျှောက်ဖတ်ကြည့်ပြီးနောက်, E-sports အသင်းအချို့ရဲ့ ဖန်အများစုက သူ့တို့အားပေးတဲ့အသင်းတွေရဲ့ Weibo စာမျက်နှာကိုအသီးသီးသွားရောက်ကြပြီး မက်ဆေ့များပို့ကြသည်။:[ညီအစ်ကိုတို့, အရင်တစ်ခါကအကြိုပွဲစဉ်မှာ မင်းတို့ရဲ့ အခွင့်အရေးကိုဆုံးရှုံးခဲ့ပြီးပြီ။ ဒီရသစုံရှိုးက အရှင်းကြီးကို အပိုလက်မှတ်တစ်ခုပဲ့။ဒါကြောင့် နိုင်ကိုနိုင်ရမယ်!]

E sport လောကရဲ့ အဆိပ်အတောက်စုဝေးစခန်းWhere stories live. Discover now