Chapter 11

54 9 0
                                    

Unicode

လင်းယန်လက်ပိုက်ကာ နံရံကို​ဖြည်းညင်းစွာ မှီလိုက်ပြီး  ''နတ်ဘုရားကျင်း လိုချင်နေတဲ့ လက်ဆောင်ရှိလား?''

ကျင်းယွမ်ကျိုး သူ့ကိုပြုံးပြကာ ​နှေးကွေးစွာနဲ့ စကားလုံးတစ်လုံးကိုထုတ်ပြောလာခဲ့တယ်။
''မှန်းကြည့်''

ပြောနေစရာတောင်မလိုအပ်ပါ။ ထိုသဘောထားကိုသောက်ကျိုးနည်းအောင်ကိုရင်းနှီးနေခဲ့သည်။

လင်းယန် သူ့နှင့်အကြည့်ချင်းဆုံလိုက်ကာ ပွင့်လင်းစွာပြောလိုက်သည်။
''အရင်တစ်ခေါက်တုန်းက ခင်ဗျားအတွက် ကိုယ့်ကိုကိုယ် ပေးခဲ့တာကို ခင်ဗျားကို 'no' လို့ပြောခဲ့တယ်။ အဲဒါထက်ပိုပြီးစိတ်ရင်းမှန်တဲ့ဘာကိုထပ်ပေးရမလဲကို ငါတကယ်မသိတော့ဘူး''

ကျင်းယွမ်ကျိုး ကအကြံပေးသည်။
''နောက်တစ်ခေါက်ထပ်ပေးကြိ။ ကျွန်တော် လိုချင်လာရင်လဲလိုချင်လာမှာပေါ့''

သူတို့မျက်လုံးများဆုံသွားပြီးနောက် လင်းယန် ရယ်လာခဲ့သည်။
''ဒါကိုမေ့လိုက်တော့။ တကယ်လို့ကျွန်တော်သာ နှစ်ကြိမ်မြောက်အငြင်းခံလိုက်ရရင် ငါ့ရဲ့ဖန်နှလုံးသားကွဲကြေသွားပြီး ငါငိုမိသွားမှာကိုကြောက်တယ်။အရမ်း နောက်ကျသွားပြီ''

ကျင်းယွမ်ကျိုး ရဲ့တုန့်ပြန်မှုကိုမစောင့်ခဲ့ဘဲ သူဆက်ပြောခဲ့တယ်။ ''ပြီးတော့ ခင်ဗျားကို ထမင်းတစ်နပ်နဲ့ဘဲ ပြုစုနိုင်တော့မယ်။ ဒါကိုခင်ဗျားရဲ့တွေ့ဆုံမှုလက်ဆောင်အဖြစ်ယူလေိုက်ပေါ့။''

ကျင်းယွမ်ကျိုး သူ့ကိုတစ်ချက်ကြည့်လာကာ အသံတိုးတိုးဖြင့်မေးလာခဲ့သည်။
''ဒါလဲအဆင်ပြေတယ် ဒါပေမယ့်......Gloyက..''

''ဘေ့စ်မှာအိမ်အကူအဒေါ်ကြီးရှိတယ်။ အချိန်ကျရင်သူမ ချက်ပြုတ်ဖို့ရောက်လာလိမ့်မယ်။ ဒီနေ့ရဲ့ ဗွီဒီယို ကိုသူချေဖျက်ဖို့သူအကြာကြီး အချိန်ယူရလိမ့်မယ်။ သူ့ကိုအပြင်ခေါ်စားတာက အချိန်ဖြုန်းတာဘဲဖြစ်မယ်။ ''
လင်းယန်အချိန်ကြည့်လိုက်ကာ
''ကျွန်တော်ခင်ဗျားကို တံခါးမှာ 5:30ကျစောင့်နေမယ်''

ကျင်းယွမ်ကျိုး ခေါင်းငြိမ့်ပြလိုက်သည်။
''နောက်မှတွေ့မယ်။ ''

E sport လောကရဲ့ အဆိပ်အတောက်စုဝေးစခန်းWhere stories live. Discover now