YELLOW LOVES WITH MY HUBSAND
_________________________________________မနက်စာ ထမင်းဝိုင်း၌ ခေါင်ထိုင်ရင်း မေမေ့ ပန်းကန်ထဲအား
ဟင်းကော်ထည့်ပေးပြီး သူက ကော်ဖီတခွက်နှင့် ပေါင်မုန့်ကြက်ဉကြော်အား စားလိုက်သည်....သို့သော် အရှေ့က မေမေက ထမင်းမစားသေးပဲ သူ့အား ကြည့်လာပြီး"သားခေါင် ဒီနေ့ သားယောက်ခမလောင်းနဲ့ သတို့သားလောင်း လာမှာနော် အလုပ်မသွားနဲ့ "
" ဟုပ်ကဲ့ "
ခေါင်အေးဆေးစွာပြန်ဖြေပြီး သူ့စားစရာရှိတာကိုသာ ပြန်စားနေလိုက်သည်...မေမေကတော့ သူ့အားစိတ်ဆိုးနေသည်လို့ ထင်မှာအမှန်ပင်...သူဖြစ်နေသည်ကား ရောက်လာမဲ့ သူ့သတို့သားလောင်းနဲ့ သူအဆင်ပြေပါ့မလား တွေးနေခြင်းပင်...
ကိုယ့်ထက်ငယ်တာလား ကြီးတာလားလဲ မသိသည်မို့ သက်ပြင်းချလိုက်ပြီး ...ဘယ်လိုဖြစ်ဖြစ်အဆင်ပြေအောင်နေရမည်ဟုပဲ တွေးလိုက်တော့သည်....ဘာဖြစ်လဲ ကလေးဆိုလဲ
သူယူရမှာပဲ ...သူ့ထက်အကြီးဆိုလဲ သူယူရမှာပဲ ...ချစ်တာက နောက်မှပေါ့ ။ဒေါဖြူစင်ကတော့ သက်ပြင်းချပီး ငေးနေသည့်သားအား ကြည့်ပီး ပြုံးလိုက်သည်... သူ့ချွေးထီးလေးက ချစ်စရာကောင်းပုံနဲ့ သားက အေးစက်ပုံနဲ့ ဘယ်လိုနေမလဲ အရမ်းသိချင်နေသည်.... ဒါကတော့ Fujoshi တယောက်ရဲ့ သဘာ၀မို့ အဟမ်းးးးးသားဖြစ်သူက သူ့ရဲ့ အတွေးကို မသိပေလို့သာ သိရင်တော့ အိမ်ပေါ်က ဆင်းသွားမလားတောင် မသိချေ။
('မကြာခင် ကြည့်ရတော့မှာပဲ အဟင်း')
စိတ်ထဲတွေးပြီး ရီနေသည်က အပြင်ကို အသံထွက်သွားတော့ သားက သူ့အားကြည့်လာ၏။
" မေမေ ဘာရီစရာရှိလဲ "
" မရှိပါဘူး ဒီတိုင်းပဲ ချွေးထီးလေးကို တွေ့ရမှာဆိုတော့ မေမေအရမ်းကိုပျော်နေလို့ အဟင်းး "
"အော် "ဟုသာ ခေါင်ပြောနိုင်တော့သည်...သူများတွေကတော့
ဒီလိုမိခင်မျိုး ရှားသည်ဟု ပြောမှာအမှန်ပင်...လိင်တူတွေလက်ထပ်တာကို သူများမိဘတွေ ကန့်ကွက်နေချိန် အိမ်ကမေမေကတော့ သူ့အားမတိုင်ပင်ပဲနဲ့တောင် ယောကျာ်းရှာလာပေးသေးသည်.... သူပျော်ရမလား ငိုရမလားမသိတော့ပါ။
YOU ARE READING
ဤမေတ္တာရပ်၀န်း၌သာ ပွင့်လန်းခဲ့သည် ( Ongoing )
RomanceGenre - BL , Romance စာရေးသူ၏ စိတ်ကူးဖြင့် ဖန်းတီးမှုသပ်သပ်သာဖြစ်ပါ၍ လက်တွေ့ဖြင့် အလွန်ကွာခြားပါသည်။Readersတို့ အဆင်ပြေမှသာ ဖတ်ရန်။📌 #Crd Cover Photo