Episode..14

369 21 2
                                    


" ကိုကိုရေ  ဒါလေးလုပ်ပေးပါအုံး "

" ကိုကိုရေ ပန်းကန်ကူဆေးပေးအုံး "

" ကိုကိုရေ  အပင်စိုက်ကူပါအုံး "

" ကိုကိုရေ  ပန်းသီးခွဲပေးပါအုံး "

အဆုံးမရှိသည့် ကိုကိုရေအသံနဲ့ တခုပြီး တခုခိုင်းနေသည်က ခေါင့်ရဲ့ ကလေးငယ်လေး နေညို‌ရီဝေ။ မိုးလင်းထဲက သူ့ပါတခါတည်းနှိုးပြီး အလုပ်တွေကူခိုင်းနေတာ အခုဆို နေ့လယ်၁၁နာရီအတိရှိနေပြီ။ဒါတောင် သူ့မှာ မမောနိုင်သေးပဲကလေးငယ်ခိုင်းသမျှအား အကုန်လုပ်နေရသည်။

ဒါတောင် သူ့ဘက်လှည့်မကြည့်ပဲ ခိုင်းနေတာဖြစ်ပြီး အခါတိုင်းလိုမဟုတ်ပဲ ထူးဆန်းနေသည်။ဘာများဖြစ်ပါလိမ့်။

အလုပ်အားလုံးပြီးသည်အထိ ' ခေါင် 'ကလေးငယ်အား မမေးသေးပဲကူလုပ်နေလိုက်၏။အကုန်ပြီးသွားတော့ ကလေးငယ်က ဧည့်ခန်းက ဆိုဖာပေါ်၀င်ထိုင်သည်။

T-shirt အဖြူအပွလေးနဲ့ ဘောင်းဘီဒူးထိလေး၀တ်ထားသည်မှာ ကြည့်ရတာတောင် နှမြောနေမိသည်။ခြေသလုံးဖြူဖြူလေးတွေက လာကိုက်လှည့်ပါဟု မြူစွယ်နေသယောင်။

အိမ်ထဲတင်မက နေပူထဲမှာပါ အလုပ်လုပ်ထားသည်ကြောင့် မျက်နှာလေးက ရဲနေပြီး နဖူးမှာ ချွေးလေးတွေပါထွက်နေသည်။ပန်းချီကားတချပ်ပမာ ထိုင်ငေးချင်စရာကောင်းသည်။

" ရီရီ ကလေးလေး နေမကောင်းဘူးလား "

တချက်လှည့်ကြည့်ပြီး ဟိုဘက်ပြန်လှည့်သွားသည်။နေညိုရီဝေ ဘာဖြစ်ချင်နေသလဲမသိ။

" ကလေး ဘာဖြစ်လဲ ကိုယ့်ကိုပြော "

" မဖြစ်ဘူး "

' ခေါင် ' ဒုတိယအကြိမ်ထပ်မေးမိတော့ ပြန်ဖြေလာသည်က ခပ်တိုတိုသာ။တခုခုဖြစ်နေတာ သေချာနေပြီ။

နဖူးလေးအား လက်နဲ့စမ်းလိုက်တော့ ငြိမ်နေပြီး ကိုယ့်အားကြည့်မလာသည့် ကလေးအား ဆွဲယမ်းပြစ်ချင်နေသည်။

" အသားလဲမပူပါဘူး "

" ပူမလား ဘာမှမဖြစ်ပါဘူးဆို "

နဖူးပေါ်ကလက်အား အသာလေးဖယ်ချပြီး ပြောလာသည်။

" ကလေးလေး ကိုကိုမဆူချင်ဘူးနော် ဘာဖြစ်လဲပြော "

ဤမေတ္တာရပ်၀န်း၌သာ ပွင့်လန်းခဲ့သည်  ( Ongoing )Where stories live. Discover now