YELLOW LOVES WITH MY HUBSAND
_________________________________________" ရီရီ ဒီကိုလာ ဒီကို "
ကျောင်းရောက်ရောက်ချင်း ရီရီအား လှမ်းခေါ်သည့် သူမှာ
ရှိုင်းဖြစ်သည်... ဘေးနားက မာမားတဖြစ်လဲ သူငယ်ချင်းမ သုံးယောက်မှာတော့ သူ့အား စိုက်ကြည့်နေသည်မို့ ကြက်သီးက ဖြန်းခနဲ ထလာလေသည်။"ကြောင်ကြည့်မနေနဲ့ ကြွခဲ့ "
နှင်းရဲ့အသံခပ်စူးစူးက ထွက်လာသည်မို့ သူတို့ရှိရာကို
အမြန်ဆုံးနည်းနဲ့ သွားလိုက်တော့သည်...နောက်ကျရင် ပိုပြီးအော်တော့မှာ သူသိပြီးသားမို့။"ဟဲဟဲ နောက်ကျသွားတယ် "
၀င့်၀ါကတော့ သူတို့ အချစ်တော်လေး ရီရီက အဆူမခံရဖို့အရေး ချွှဲတော့မှာ သိသည်မို့ မျက်နှာကို ခပ်တည်တည်ပြင်နေလိုက်သည်....နှင်းနဲ့သံစဉ်ကတော့ လင်ရတော့မည့် သူငယ်ချင်းလေးကို စူးစိုက်ပြီး ကြည့်နေလိုက်သည်.... ထိုအချိန် ဘေးနားက ရှိုင်းမှာ မတတ်သာတော့သည့်အဆုံး
"ဟဲ့ရေ အမကြီးတို့ တတိယကမ္ဘာစစ်ဖြစ်တော့မလို့လား အကြည့်တွေကလဲ နဂါးဆို ရီရီ ပြာကြသွားလောက်ပြီ "
"အွန်းလေ အဲ့တာပြောတာ "
ရှိုင်းစကားကို ရီရီ ၀င်ထောက်ခံပြီးး အရှေ့က သူငယ်ချင်းမတွေအား ပါးချိုင့်လေးပေါ်အောင် ပြုံးပြလိုက်၏...ပါးချိုင့်က သူရဲ့ လက်နက်မို့ အရှေ့က မိန်းကလေး 3ယောက်မှာ အကြီးအကျယ်စိတ်ဆိုးမည်ဟုတွေးထားသော်လည်း သူတို့ပဲ အလျှော့ပေးလိုက်ရသည်...ဒင်းရဲ့ အပြုံးက လူကို စိတ်ဆိုးနေတာတောင် ပျောက်စေသည်... ငယ်ပေါင်းတွေမို့ တကယ့်ညီအကိုမောင်နှမတွေလိုပင်ဖြစ်ကာ အငယ်ဆုံးလေးမို့ တခြားသူတွေထက်ပင် ပိုပြီးဂရုစိုက်ခဲ့ရသည်....အခုတော့ သူများပေးရတော့မယ် ...။
"ဟုတ်ပါပြီ ...မနေ့က ကျောင်းမလာရတဲ့ အကြောင်းလေး ပြောပါဦး "
"ဟီး အဲ့တာကလေ စိတ်အပျော်လွန်ပြီး အကိုက်အခဲပျောက်ဆေးနဲ့ ၀မ်းနှုတ်ဆေးနဲ့ မှားစားလိုက်မိတာ အဲ့တာ ဆေးရုံရောက်သွားရော ပြန်လာတော့လဲ မမှီတော့တာနဲ့ အဟဲ အဲ့လိုဖြစ်သွားတယ် "
YOU ARE READING
ဤမေတ္တာရပ်၀န်း၌သာ ပွင့်လန်းခဲ့သည် ( Ongoing )
RomansGenre - BL , Romance စာရေးသူ၏ စိတ်ကူးဖြင့် ဖန်းတီးမှုသပ်သပ်သာဖြစ်ပါ၍ လက်တွေ့ဖြင့် အလွန်ကွာခြားပါသည်။Readersတို့ အဆင်ပြေမှသာ ဖတ်ရန်။📌 #Crd Cover Photo