Episode..12

366 19 0
                                    

YELLOW LOVE WITH MY HUBSAND
___________________________________

" ကိုကို သားကိုချီ "

ခြံထဲသို့ ကားရောက်သည်နှင့် ' ခေါင့် 'အားကြည့်ကာ လက်ကလေးပါ ပေးလာ၏။ကားအား အနောက်ဘက်ဂိုထောင်တွင် သွားထားလိုက်ပြီးမှသာ အောက်သို့ဆင်းပြီး ချီခိုင်းနေသူကို ချီလိုက်တော့ ခါးကို‌သူ့ခြေထောက်တွေနှင့်ခွထားပြီး လက်ကလေးနှစ်ဖက်ကလဲ လည်ပင်းကို သိုင်းဖက်ထားပြီး ' ခေါင့် ' မျက်နှာအား စေ့စပ်စွာ လိုက်ကြည့်နေပြန်တယ်။

" ကိုကို ဒီနေ့ရုပ်ဆိုးနေသလိုပဲ "

သူများအပေါ်တက်လိုက်လာပြီး ရုပ်ဆိုးတယ်ဘာညာနဲ့ လွှတ်ချလိုက်ရင်လဲ ငိုအုံးမယ်။

" ကိုကိုသိလား  အသားတွေပါမဲနေသလားလို့ "

" ဟုတ်လား  "

" အွန်း "

လမ်းလျှောက်သွားရင်း မေးလိုက်တော့ ခေါင်းလေးအား ပလုတ်တုတ်လို တဆတ်ဆတ်ညိတ်ပြတယ်။ဒီဟာလေး ဒီနေ့
ဘာဖြစ်ချင်နေလဲ မသိ။လူအား ရုပ်ဆိုးတယ်ပြောလိုက်  အသားမဲလာတယ်ပြောလိုက်နှင့် စိတ်ကောမှန်သေးရဲ့လားမသိပါ။

" သားကြီးတို့ ပြန်လာပြီပဲ
ကြီးနု ထမင်းပွဲပြင်ထားလိုက်မယ်နော်  "

အိမ်ထဲရောက်တော့ မီးဖိုခန်းထဲက ထွက်လာသည့် ကြီးနုက မေးလာသည်မို့ ' ခေါင်  ' ပြန်ဖြေလိုက်တယ်။

" ဟုတ်ကဲ့ ဖြည်းဖြည်းလုပ်ပါကြီးနု ကျွန်တော်တို့ ရေချိုးပြီးမှ ဆင်းခဲ့မလို့ "

" အေးပါကွယ် ဒါနဲ့ ရီရီလေးက နေမကောင်းလို့လား "

' ရီရီ 'ကိုယ်လုပ်ချင်ရာ လုပ်ပြီးမှ ကြီးနုအားတွေ့လိုက်သည်မို့ မျက်နှာမှာ ရဲတွတ်၍နေလေပြီ။အခါတိုင်းလို နှစ်ယောက်ထဲထင်ပြီး ကိုကို့အပေါ်က လိုက်လာခြင်းဖြစ်ရာ ဒီပုံစံကြီးကို ကြီးနုတွေ့သွားတော့ ကိုကို့ရင်ခွင်ထဲ မျက်နှာအပ်ထားမိတယ်။

" ကောင်းပါတယ်ကြီးနုရဲ့ အလိုလိုက်ထားလို့ ဆိုးဆာနေတာ "

" အေးအေး ရေချိုးမှာဆို သွားကြတော့လေကွယ် "

" ဟုတ်ကဲ့ "

ဒေါ်နုနုရီမှာတော့ အိမ်ပေါ်တက်သွားတဲ့သားကြီးနှင့် ရီရီလေးအား ကြည့်ပြီး ပီတိတွေဖြစ်နေရတယ်။သားကြီးက ရီရီလေးကို ဂရုစိုက်ပြီး အလိုလိုက်ထားတာ သူ(မ)အသိဆုံး။ဟိုဟာဆိုဟိုဟာ ဒီဟာဆိုဒီဟာ အကုန်ဖြစ်အောင်လုပ်ပေးလေ့ရှိပြီး ကလေးလေးဆိုတာကို ပါးစပ်ကမချ။

ဤမေတ္တာရပ်၀န်း၌သာ ပွင့်လန်းခဲ့သည်  ( Ongoing )Where stories live. Discover now