Ep;3 🔖

156 10 0
                                    

ခရီးကရောက်သင့်‌နေပေမဲ့ မရောက်သေးဘူး။ 

"ကျတော်တို့ခရီးတစ်ထောက်နားကြတာပေါ့... ဒီနားမှာ ဆိုင်ကောင်းကောင်းကန်းကန်းတော့မရှိပါဘူး၊ ကျ‌ေတာ်တို့အရှေ့မှာတွေ့မဲ့ ဆိုင်သေးသေးလေးမှာရပ်ပေးသွားမှာပါဗျ... အဆင်ပြေကြပါစေဗျ"

"ဒီမှာဗျာ"

ကျတော်လှမ်းခေါ်တော့  (စပယ်ယာ)က ကျ‌ေတာ့်ဆီလျှောက်လာတယ်။

"ဧည့်သည် ဘာအလိုရှိပါသလဲခင်ဗျာ... အဆင်ပြေရဲ့လား"

"ဒီကောင်လေးလေ သူကိုယ်ကအရမ်းအေးပြီး တုန်နေတာ .... ဖျားတော့မှာလားမသိဘူး အဲ့တာဆေးလေးများရှိလားလို့"

"ဟိုဟာ.... ကျတော်တစ်ချက်ကြည့်ပေးပါ့မယ်နော်..."

"ဟုတ် မြန်မြန်လေး"

ထိုလူကထွက်သွားပြီး ကားခေါင်းခန်းကနေ ဆေးတစ်မျိုးယူပြီးပြန်လာတယ်၊ ပြီးတော့ ကျတော့်ကိုပေးခဲ့တယ်

" ဟိတ်... ဟိတ်"

ရင်ဘတ်ထဲမှာနေနေတာ မိနစ် ၄၀ လောက်တောင် ရှိနေပြီ ... တစ်ချက်တောင်မလှုပ်ပဲ အိပ်ပျော်နေတာ တချက်ချက်ထထယောင်ပြီး တုန်တတ်သေးတယ်။ ကျတော်အတွက် ဒီလိုအနေအထားက သူစိမ်းတစ်ယောက်နဲ့ ပထမဆုံးပါ။

"ဟိတ်... ဟိတ် ခဏထဦး"

"... အင်း..."

"ဆေးသောက်ရအောင်လေ ၊ နောက်မို့ဆို မင်းပိုဆိုးနေလိမ့်မယ်နော်"

"အင်..."

သူ့ခေါင်းနဲ့ကျတော်ရင်ဘတ်ကိုပွတ်ဆွဲပြီး ရင်ဘတ်ထဲပိုရောက်အောင်တိုးဝင်နေတယ်၊ တကယ်ပဲ အရမ်းချမ်းနေတာများလား။ ငြီးသာငြီးနေပြီး စကားသံတော့ထွက်မလာခဲ့ဘူး။ မတတ်နိုင်တဲ့အဆုံး ဒီတိုင်းထားဖို့လုပ်လိုက်တယ်၊ ကားကခဏနေရပ်မယ်လို့ပြောထားတာမို့ အဲ့အခါကျမှပဲ နှိုးပြီးတိုက်လိုက်တော့မယ်။ 

သူနဲ့အတူ အထုပ်လေးတစ်ထုပ်ပါလာတယ်... ကျတော်လည်းသူများရဲ့ ကိုယ်ရေးကိုယ်တာမို့မကြည့်တော့ပါဘူး။ 

"မေမေ... သူက ...သူကပြန်လာမှာလားဟင်"

"ဟင်..."

ထပ်ပြီးယောင်နေပြန်ပြီ။ သူဒါကိုမေးနေတာ ခဏခဏရှိနေပပြီ။ ကျတော်လည်း စိတ်ထဲမကောင်းတာနဲ့...

The Writer's Own StoryWhere stories live. Discover now