Ep;5🔖

139 12 0
                                    

လူဆိုတာ ရတာမလို လိုတာမရဆိုတာ တကယ်မှန်တာနော်။ မိသားစု နွေးထွေးမှုလိုအပ်နေတဲ့ ကျတော်ကျ ဖာသိဖာသာ နေတဲ့ မိဘတွေဆီမှာလူဖြစ်ပြီး ၊ နွေးထွေးလွန်းတဲ့ မိသားစုမှာကျ အဲ့ဒီနွေးထွေးမှုကိုမလိုတဲ့ သူကလူသွားဖြစ်တယ်။ 

ဖိုးချိုကို အန်တီတို့ဘယ်လောက်ချစ်တယ်ဆိုတာ ဒီအခန်းလေးကဖော်ပြနေတယ် ၊ အန်တီက သားဖြစ်သူမရှိတော့တာတောင် အခန်းထဲ သားဖြစ်သူ ပစ်စည်းတွေ ထားထားတုန်း ၊ အခန်းကိုလဲ အမြဲသန့်ရှင်ရေးလုပ်ပုံရတယ် ၊ သားဖြစ်သူ ငယ်"ကပုံလေးတွေကိုလဲ ချိတ်ထားသေးတယ်။

ငယ်"ကပုံတွေထဲ ကျတော်နဲ့ ဖိုးချိုရိုက်ထားတဲ့ ပုံလေးလဲပါသည်။ ပုံလေးထဲ ကျတော်က တုတ်တစ်ချောင်း နဲ့ မြေကြီးကိုဆော့နေပြီး ဖိုးချိုက ကျတော့်ကို ကြည့်နေတဲ့ ပုံလေး။ ငယ်"ကသူ့ပုံကို ကျတော်သေချာမမှတ်မိပေမဲ့ ဒီပုံကိုမြင်တော့ သူ့ကို မြင်ဖူးသလိုလိုရှိပါတယ်။ 

"သား..."

ခေါ်သံကြားတာကြောင့် အခန်းပြင် ခေါင်းပြူထွက်ကြည့်တော့ ဘယ်သူမှမရှိဘူး ။ ကျတော်အတွေးလွန်နေပြီထင်ပါ့။ အခန်းထဲ ပြန်ဝင်လိုက်ပြီး အခန်းထဲစူးစမ်းကြည့်လိုက်တယ်။

အခန်းထဲ စာကြည့်စားပွဲတစ်လုံး ၊ အဝတ်ဘီရိုတ်စလုံးနဲ့ boxအကြီးကြီးတစ်ခုလဲရှိပါသေးတယ်။ ကျတော်စိတ်က အဲ့box ကြီးကို ဖွင့်ကြည့်ချင်နေပေမဲ့ ကျတော်ဦးနှောက်ကတားနေသည်... သူများပစ်စည်းမကိုင်တာပဲကောင်းပါတယ်။

ဖုန်းသုံးဖို့ရာ ဖုန်းဖွင့်ကြည့်တော့ လိုင်းကမတက်ဘူး၊ ဒါကြောင့် note ထဲသွားပြီး အချက်အလက်တချို့မှတ်ရန်သွားလိုက်သည်။ ကျတော် မနက်ဖြန်ကျ အိမ်လဲဆက်ရှင်းရမယ် စာလဲဆက်ရေးရမယ်မဟုတ်ပါလား။ 

ထူးထူးဆန်းဆန်း ဒီအခန်းလေးက ရင်းနှီးသလိုခံစားရသလို လုံခြုံတယ်လို့လဲခံစားရပါတယ်။ ကျတော်ဖြင့် အိပ်ချင်လာတာကြောင့် အိပ်ဖို့ပြင်လိုက်တယ်။ 

မနက်က‌ျ ရွာကိုလဲလှည့်ပတ်ကြည့်မယ်လို့ စိတ်သွင်းလိုက်တယ် ။ ကျတော်ရောက်လာတည်းက ဦးနဲ့အန်တီ အပြင် တခြားသူတွေကိုမမြင်မိဘူး... တိုက်ဆိုင်တာပဲလား ၊ ကျတော်ရောက်တော့ နေ့လည်ဘက်ကြီးဆိုတော့ လယ်ထဲရောက်နေကြလို့လား။ 

The Writer's Own StoryWhere stories live. Discover now