Ep;6🔖

162 15 1
                                    

အန်တီ့အိမ်မှာ စားသောက်ပြီးတော့ အန်တီ့ကို အိမ်အလုပ်ဝိုင်းကူလုပ်ပေးလိုက်တယ်... ကျတော်လဲ လုပ်စရာရှိတာတွေလုပ်ဖို့ အိမ်ပြန်ရမယ်။ ဒါပေမဲ့ အန်တီကြည့်ရတာ ကျတော့်ကိုပြန်စေချင်ပုံမပေါ်ဘူး ဒါကြောင့် ...

"အန်တီ..."

"ပြော သား"

"သား အိမ်မှာရှင်းစရာလေးတွေရှိလို့ အိမ်ပြန်မလို့ အန်တီလိုက်ဦးမလား"

"နောက်မှရှင်းပါလား သားရယ်၊ မင်းဦးလေးပြန်လာရင် တူတူရှင်းကြပေါ့"

"အာ... ဦးလေးကလူကြီးဖြစ်နေပြီ ကျတော်အားနာလို့ပါဗျာ"

"မဟုတ်တာ..."

" အန်တီကလည်း..." 

လျက်တဖြတ် သတိရလိုက်သည်

"အန်တီသားကို နတ်ကိတ်စလဲ လုပ်ပေးရဦးမယ်လေ"

ထိုအခါမှအန်တီက အပ်နဲ့ အပ်ချည်ကြို ထိုးနေရာကနေ ကျတော့်ကိုကြည့်လာပြီး

"အော်... အေး ဟုတ်သား"

အဲ့လိုသတိရသွားတော့ အန်တီက ရွာတောင်ဘက်က နတ်ကတော်ဆီမှာ နတ်ရွေ့ဖို့ရာ သွားလုပ်မယ်ဆိုပြီး ထွက်သွားတယ်... ကျတော့်ကိုတော့ အိမ်ကိုသွားနှင့်ဖို့ မှာလိုက်တယ်။ 


___



သန့်ရှင်းရေးလုပ်နေသည်

"အန်တီက တောင်ပိုင်းထိတောင်သွားရတာဆိုတော့ ကြာဦးမှာပဲ..."

သီချင်းလေးတစ်ပုဒ်ဖွင့်ပြီး သန့်ရှင်းရေးကို စ လုပ်တော့တယ်၊ သီချင်းက COME CLOSER ဆိုတဲ့ MSP TEAMအဖွဲ့ တီးခတ် ၊ ဆိုထားတဲ့သီချင်းကောင်းလေးတစ်ခု... အဲ့သီချင်းလေးက ဇာတ်ဝင်တေးလေးပါ။

ထိုဇာတ်လမ်းထဲ ကျောင်းသားကောင်စီကကောင်လေး နဲ့ စာထက် သီချင်းဆိုရတာပိုနှစ်သက်တဲ့ တီးဝိုင်းခေါင်းဆောင် ကောင်လေး တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ 

တော်တော်လေးကြည့်လို့ကောင်းပြီး တော်တော်လေးရယ် ကြည်နူးဖို့ကောင်းခဲ့ပါတယ်။

ကိုယ့်အတွေးနဲ့ကိုယ်မျောနေရင်း အိမ်ရှေ့ကတံခါးခေါက်သံကြားတယ်... အန်တီထင်တယ်

The Writer's Own StoryWhere stories live. Discover now