Ep;2🔖

173 17 2
                                    

ဝယ်စရာရှိတာတွေဝယ်ဖို့ ကုန်တိုက်ကိုသွားခဲ့တယ်၊ လိုချင်တာတွေရခဲ့ပါတယ်... မနက်ဖြန် အတွက်ကားလက်မှတ်ကို ဖုန်းနဲ့ပဲဖြတ်လိုက်တယ်...

ကျတော့်ဘဝရဲ့ အကွေ့အကောက်ဖြစ်လာမယ့် စာအုပ်တစ်အုပ်ကိုရေးရတော့မယ်။ ဒီတစ်ခုသာ မအောင်မြင်ရင် ကျတော်လုပ်ချင်တဲ့ ဆရာရေးစရာဘဝတော့ ဝေးရတော့မှာပဲ။ ပြန်စဉ်းစားကြည့်တော့ တစ်ဘဝလွုး အလုပ်မရှိအကိုင်မရှိ ဘာမှကူဖော်လှောင်ဖက်မရတဲ့ကျတော်။

 ကဲ အခုလုပ်မယ်ဆိုတော့လည်း ခက်ခဲမယ့် စာရေးဆရာအလုပ်...အဖေတို့ခွင့်မပြုတာကို အပြစ်မမြင်ပါဘူး။ တစ်သက်လံုးသူတို့ဆီမှာပဲ ခိုကပ်စားသောက်လာတာဆိုတော့...အပြစ်လည်းတင်ရပါဘူး။

"ခေါင်းစဉ်ကို ဆန်းဆန်းလေးပေးရမယ်... လူတွေကို စာအုပ်ဖတ်မယ်ဆိုရင် ခေါင်းစဉ်ကိုဦးစားပေးရွေးကြမယ်မဟုတ်လား"

ခေါင်းစဉ်လေးသာ ဆန်းပြားရင် ဖတ်ကြည့်ကြမှာပဲ... ဒါပေမဲ့ တစ်ချို့စာဖတ်သူတွေက စာရေးသူကိုယုံကြည်ကြတယ်... ဒါကြောင့်သူတို့က အဲ့စာရေးသူဘာရေးရေး ယုံယုံကြည်ကြည်နဲ့ ဖတ်ကြတယ်။

ကျတော်ဆိုရင် cover လှတဲ့စာအုပ်တွေဖတ်ရတာကြိုက်တယ်လေ။ဒီစာအုပ်ကို နောက်ဆုံးအနေနဲ့ထုတ်ရမယ်ဆိုရင်တောင် ကျတော်အစွမ်းကုန်ကြိုးစားသွားမှာပါ...

 ရုတ်တရက်ဖုန်းဝင်လာသည်။ ကြည့်လိုက်တော့ စာတိုက်မှုးဆီက

"ဟလို"

*ဟလို အေး... ညီလေးFotလား*

"ဟုတ်တယ်ဗျ... ဘာကိစ်စရှိလို့လဲ"

"ဟိုဟာ... အခုရေးမယ့်စာအုပ်... မင်းအဲ့စာအုပ်ကို ၂ လအတွင်းအပြီးရေးပေးနိုင်မလား"

"ဗျာ... မဖြစ်နိုင်တာဗျာ အကိုကလည်းမဟုတ်တာတေွပြောတော့မယ်"

"ဖြစ်နိုင်ပါတယ်ကွာ... တခြားဆရာတွေလည်းဒီလိုပဲရေးကြတာပါပဲ"

"ကျတော်က တခြားဆရာတွေနဲ့မတူဘူးလေ....အခုချိန်ထိ ဘာကိုစပြီးဇာတ်လမ်းတည်ရမယ်၊ ခေါင်းစဉ်ဘာပေးရမလဲဆိုတာတောင်မသိသေးဘူး"

"မင်းကတော့ခက်တော့မယ်ကွာ... ငါကလည်းအလျင်စလိုမလုပ်စေချင်ပါဘူး"

The Writer's Own StoryWhere stories live. Discover now