အခန်း(၁၃၀)

156 17 2
                                    

အခန်း(၁၃၀)

ဒီမင်းသားက မင်းကို လွှတ်မပေးဘူး။






သူမ အသက်အတွက် ပြေးနေရင်း တစ်လမ်းလုံး ရယ်မောနေသည်။  Gu Feiyan  တစ်ယောက်သာ ထိုသို့ လုပ်နိုင်လိမ့်မည်။

Baili Mingchuan မှာ သူမ၏ နောက်မှ ခြံဝန်းတံခါးဝအထိ လိုက်လာပြီးနောက် မထိန်းနိုင်တော့ပဲ ဒူးထောက်လိုက်သည်။

သူက ဒူးတစ်ဖက်ပေါ်ထောက်ကာ ခေါင်းကိုငုံ့၍ လက်သီးကို မြေကြီးပေါ်သို့ ထိုးလိုက်သည်။ ချမ်းအေးသည့် နေ့တစ်နေ့ ဖြစ်သည့်တိုင် သူ၏ နားထင်တွင် ချွေးသီးချွေးပေါက်များ တွဲလွဲခိုနေသည်။ သူက ဘာတွေခံစားနေရတယ်ဆိုသည်ကို ကောင်းကင်မှသာသိလိမ့်မည်။ အပူဒဏ်က သူ့ကို ဘယ်လို ညှင်းပန်းနေသည်လဲ။ သူက မည်မျှ နာကျင်ကာ တောင့်ခံထားရသည်လဲ။

ချွေးစက်များမှာ သူ၏ နားထင်များမှ လှိမ့်ဆင်းကာ အလွန်အမင်း လှပသော မျက်နှာတစ်ဖက်ကို ပုံဖော်ထားသည်။ မလှုပ်မယှက်ဖြင့် သူက မြေပြင်ပေါ်တွင် အချိန်အတော်ကြာ ဒူးထောက်နေသည်။ သူ၏ တစ်ကိုယ်လုံး အထူးသဖြင့် အေးစက်ပြီး ရက်စက်ပုံပေါ်လာသည်။ သူ၏ ပုံမှန် အပြုံးနှင့် ပျင်းရိသော အမူအရာမှ သူ့ကို လုံးဝ ခြားနားသော လူတစ်ယောက်ဟု ထင်စေသည်။

ရုတ်​တရက်​ အစေခံ ​မိန်းကလေးမှာ အ​နောက်​တွင် ရောက်​လာပြီး သူ့ကို ​ပွေ့ဖက်​လိုက်​သည်​။

အစေခံမိန်းကလေးမှာ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ ဒုက္ခတွင်းနက်ထဲမှ အသက်ကိုကယ်တင်နိုင်မည့် ကောက်ရိုးတစ်မျှင်ကို ကိုင်ထားသကဲ့သို့ သူ့ကို ပွေ့ဖက်ထားသည်။ သူ၏လည်ပင်းကို သူမ၏ လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဖက်ထားရင်း တောင်းပန်နေသည်။ “သခင်လေး၊ ကယ်ပါ… ကယ်ပါ ဒီအစေခံက မသက်မသာ ခံစားနေရတယ်…”

သူမ တောင်းပန်ပြီးရင် တောင်းပန်နေကာ လက်များမှာ သူ၏ ကော်လံသို့ ရောက်လာသည်။“သခင်လေး… သခင်လေး.. ဒီအစေခံက လိုချင်… "

Baili Mingchuan မှာ သူမအား အားနည်းစွာ တားဆီး၍ အဝေးသို့ တွန်းထုတ်ကာ အလျင်စလို ပြေးသွားလိုက်သည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now