အခန်း(၁၉၆)

110 11 0
                                    

အခန်း(၁၉၆)

သုံးကြိမ်။






Gu Feiyan မှာ Gu Yunyuan ၏ ဆေးစစ်ခြင်းနှင့် ကုသခြင်းမှလွဲ၍ အခြားကိစ္စရပ်များကို ဆွေးနွေးရန် လွယ်ကူသည်ဟု တွေးထင်ခဲ့သည်။ Gu Yunyuan မှာ ၎င်းကို အောက်ခြေအထိ မေးလာရန် ဘယ်သူကထင်မည်လဲ။ မဟုတ်လျှင် သူက သဘောတူမည် မဟုတ်ပေ။

ရွေးချယ်စရာမရှိတော့ပဲ Gu Feiyan မှာ ဧကရာဇ် Tianwu ကို လှည့်ဖြားခဲ့ပုံကို အမှန်အတိုင်းသာ ပြောပြရတော့သည်။ ၎င်းကိုကြားလျှင် Gu Yunyuan မှာ စိတ်ဆိုးလာပြန်တော့သည်။ " ကောင်မလေး၊ မင်းက ကျွန်တော့်ဆီ တာဝန်အားလုံးကို ရှင်းရှင်းလင်းလင်း လွှဲချနေတာပဲ။ ဟမ့်၊ ကျွန်တော့်ကို ကူညီပေးခိုင်းဖို့ မစဉ်းစားနဲ့။"

သူက တံခါးကို စတင်ဖွင့်လိုက်သည်။ Gu Feiyan မှာ တံခါးကို ဖိပြီး မကျေမနပ် မေးလိုက်သည်။ “ဒါဆို မေးပါရစေ… တကယ်လို့ ရှင်သာ ဧကရာဇ် Tianwu နဲ့ စစ်သူကြီးချန် တို့နှစ်ယောက်ကြားထဲက ရွေးရမယ်ဆိုရင် ဘယ်သူကို ကယ်တင်မှာလဲ။"

Gu Yunyuan မှာ မစဥ်းစားပဲ ဖြေလိုက်လေသည်။ “ စစ်သူကြီးချန်ပေါ့။ ဧကရာဇ် Tianwu က အသက်ကို ထောက်ပံ့ဖို့ ဆေးဝါးတွေ သုံးစွဲနေတာ ကြာနေပြီဆိုရင် နတ်ဘုရားတွေကတောင် သူ့ကို မကယ်နိုင်တော့မှာ စိုးရိမ်ရတယ်။"

Gu Feiyan မှာ သူ၏ ထိုစကားများကို စောင့်နေကာ ထပ်မံ မေးမြန်းလိုက်သည်။ "ဒါဆို ဒီလို လုပ်လိုက်တာ ကျွန်မ ဘယ်မှာမှားလို့လဲ။"

Gu Yunyuan မှာ ဘယ်လိုပြန်ဖြေရမှန်းမသိတော့ပဲ တောင့်တင်းသွားတော့သည်။

Gu Feiyan မှာ သူ့ကို ကြည်ကာ မပျော်မရွှင်ဖြင့် ပြောလိုက်သည်။ "ရှင်က လျှို့ဝှက်သမားတော်မလို့ ဧကရာဇ် Tianwu က ရှင့်ကို ဘာမှလုပ်မှာမဟုတ်ဘူး။  တကယ်လို့ ကျွန်မသာဆိုရင် အသက်ရှင်နိုင်မှာမဟုတ်ဘူး။ ရှင့်ရဲ့  ကုမိသားစု စည်းမျဉ်းတွေက တခြားသူတွေကို ပေါ့ပေါ့ဆဆ မကုသဖို့ တားမြစ်ထားပေမယ့် သူတို့ကို ကယ်တင်ဖို့ တားမြစ်ထားတာမျိုး မဟုတ်ဘူး။ ရှင်က သမားတော်ဖြစ်ပြီး စာနာစိတ်မရှိရင် ဘယ်လိုလုပ်မလဲ။ "

သူက ဆရာ  Bai  Yi  မဟုတ်ကြောင်း အတည်ပြုပြီးနောက်၊ Gu Feiyan မှာ ယဥ်ကျေးမနေတော့ပေ။ သူ၏ ရှေးရိုးဆန်ကာ၊ မဝံ့မရဲဖြင့် သတိထားသည့် ကိုယ်ရည်ကိုယ်သွေးကို သူမ လုံးဝမနှစ်သက်ပေ။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now