အခန်း(၁၇၃)

100 15 0
                                    

အခန်း(၁၇၃)

သူမအတွက် အကြံဥာဏ်အချို့။






Gu Feiyan မှ ပြောပြီးသည်နှင့် Jun Jiuchen မှာ ခြေလှမ်းများကို ရပ်လိုက်သည်။

အုံ့ဆိုင်းနေသော လရောင်အောက်တွင် သူက ပြန်လှည့်ကြည့်လာလျှင် အထီးကျန်ပြီး ချောမောနေသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး တိတ်ဆိတ်နေသည်။ သူ၏အသွင်အပြင်သည် အလွန်လှပသဖြင့် ပန်းချီကားတစ်ချပ်မှ နတ်ဘုရားတစ်ပါး လမ်းလျှောက်ထွက်လာသကဲ့သို့ အစစ်အမှန်မဟုတ်ဟု ထင်ရသည်။

အမြဲတစေ Gu Feiyan မှာ သူ၏ အသွင်အပြင်ကို နှစ်သက်ပြီး မျက်လုံးများမှ အံ့သြမှုကို သဘောကျမိသည်။

တိမ်ပြန်မဏ္ဍပ်တွင် စိတ်မချမ်းမြေ့ဖွယ် နှုတ်ဆက်မှုပြီးကတည်းက ဤသည်မှာ သူမက ကျင်းဝမ်ကို ပထမဆုံးတွေ့ရခြင်းဟု ပြောနိုင်လေသည်။ အမှန်တော့ သူမ မသေချာပေ။ သူ၏ နှလုံးသားမှ ဒေါသတွေ ပျောက်ကွယ်သွားခြင်း ရှိမရှိ မသိသလို သူမအပေါ် ယုံကြည်မှု ဘယ်လောက်ရှိသေးမှန်လည်း မသိပေ။

အချိန်မှာကုန်ဆုံးလာနေသဖြင့် သူမ စွန့်စားလိုက်သည်။

သူမ သူ၏ နောက်သို့ လျင်မြန်စွာ လိုက်သွားကာ အရိုအသေပေး၍ ကိစ္စ၏ အကျဉ်းချုပ်ကို ပြောလိုက်သည်။ နောက်ဆုံးတွင် သင်းထောက်အိုကြီး၏ အကြံပြုစာကိုပင် တိုက်ရိုက် ပေးအပ်လိုက်သည်။

အမှန်တွင် Jun Jiuchen မှာ သင်းထောက်အိုကြီး၏ Gu Feiyan ၏ အရည်အချင်းများအပေါ်  နှစ်သက်မှုဖြင့် သူမအား ကူညီပေးရန် သဘောတူမည်မှန်း မှန်းဆထားပြီးသားပင်။

Cheng Yifei ထံတွင် မည်သည့်ကိစ္စကိုမှ တခြားသူများထက် သူက ပိုမဖြစ်ချင်စေ။ အဆုံးတွင်လျှင် Cheng Yifei မှ ထိခိုက်သွားလျှင် ချန်မိသားစုစစ်တပ်မှာ သေချာပေါက် ဒုက္ခရောက်လိမ့်မည်။ ချန်စစ်တပ် ကျဆုံးသွားခဲ့သည်နှင့် ချီမိသားစု၏ လက်ရှိရည်မှန်းချက်များမှ ကိစ္စများစွာ ဖြစ်ပျက်လာရန် ဦးတည်သွားလိမ့်မည်။ စစ်တပ်နှစ်ရပ်မှ ထျန်းယန်တစ်ခုလုံးကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် ကိုင်လှုပ်နိုင်သည်။ Baili Mingchuan ၏ သဘောထားခွဲမှုကို ရပ်တန့်ရန် သူ့အတွက် မလွယ်ကူခဲ့ပေ။ အကယ်၍ သူက ဤပြည်တွင်း ပဋိပက္ခကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့လျှင် ဟာသကြီး ဖြစ်သွားလိမ့်မည်။

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now