အခန်း(၁၅၉)

133 17 0
                                    

အခန်း(၁၅၉)

ဘယ်ယောကျာ်းမှ သူမလို လွတ်လပ်ပေါ့ပါး မနေဘူး။





Gu Feiyan မှ ပြောပြီးသည်နှင့် ထိုက်ကျီခန်းမ တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

သို့သော် ခဏလေးအတွင်းမှာပင် ခန်းမကြီးတစ်ခုလုံး ရယ်မောသံများ ထွက်ပေါ်လာသည် ။ Cheng Yifei နှင့် ပြတင်းပေါက်အပြင်ဘက်တွင် ပုန်းနေသော Jun Jiuchen သာပြုံးရယ်နိုင်ခြင်း မရှိပေ။ သူက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မျက်နှာပေါ်တွင် ငွေရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားဆဲဖြစ်သည်။ သူက ရောက်ပြီးချင်းတွင်ပင် ဓါးပြ Gu Feiyan ကို မြင်လိုက်ရသည်။

မျက်နှာဖုံးအောက်တွင် သူက မည်သို့သော အမူအရာမျိုး ရှိနေမည်လဲ မသိနိုင်ပေ။ သူ၏ နက်မှောင်အေးစက်သော မျက်လုံးတစ်စုံသည် ထိတ်လန့်ဖွယ်ကောင်းအောင် အေးစက်နေသည် ။

သူက ရှင်းရှင်းလင်းလင်းပင် ၎င်းကို သည်းခံနေသည်။
ခန်းမကြီးအတွင်း၌မူ ရယ်မောသံများ  ရပ်တန့်သွားခြင်း မရှိပေ ။

"Gu Feiyan၊ မင်း ဝိုင်သုံးခွက်ပဲ သောက်ရသေးတယ် မူးနေပြီလား။"

"ဟားဟားဟား ဘယ်လို ဟာသလဲ… ဘယ်လိုဟာသကြီးလဲ။"

“အိုး.. အရမ်း ကြောက်စရာ ကောင်းတာပဲ.. ငါက ကြောက်လို့သေတော့မယ်။"

…….

ဤလူများကို မပြောနှင့် Cheng Yifei ပင် အလွန်အံ့သြနေသည်။ Gu Feiyan မှ သူ့ကို မျက်စိမှိတ်ပြချိန်တွင် သူမထံ အကြံကောင်းတစ်ခုရှိမည်ဟု သူက ထင်ခဲ့သည်။ Gu Feiyan မှာ ဤမျှကြီးကျယ်သော စကားများ ပြောလိမ့်မည်ဟု  ဘယ်တုန်းကမှ မထင်ခဲ့ပေ။

ဒီကောင်မလေး အသက်ရှင်ရတာ ပျင်းနေပြီလား!

သူက သောက်ထားသည့် ဝိုင်မှာ စတင်ကာ အာနိသင်ပြနေပြီ ဖြစ်သည်။ သို့သော်  သူက အမှန်တကယ် တောင့်ခံထားနိုင်သည်။ ဒီကောင်မလေး အရက်မူးရင် အန္တရာယ်ဖြစ်မှာမဟုတ်ဘူးလား!

Cheng Yifei မှာ စိုးရိမ်နေကာ Gu Feiyan ကို ဆွဲခေါ်လိုက်သည်။ " ဆေးမိန်းကလေးငယ်လေး လိမ္မာလေ ပြသနာ မရှာနဲ့… ငါတတ်နိုင်တယ်..."

ဧကရာဇ်ရဲ့ ပျံလွှားလေး Where stories live. Discover now