ကျီကျီကျာကျာ ကျေးငှက်တွန်ကြူးသံနှင့်အတူ နွေးထွေးတဲ့နေရောင်ခြည်ဟာထွက်ပေါ်လာခဲ့ပြီ...
နေ့သစ်တစ်နေ့မှာတော့ လူသားတိုင်းဟာတာဝန်ကိုယ်စီဖြင့် တစ်နေ့တာကို တန်ဖိုးရှိရှိဖြတ်ကျော်ရပါမည်။စောစောစီးစီး ထကာ တစ်ကိုယ်ရေသန့်ရှင်းရေးပြုလုပ်ပြီး ဝတ်စုံကိုသေသပ်စွာဝတ်ဆင်လို့ မူ့ခင်းအရာရှိလေးရှောင်ကျန့်တစ်ယောက် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာခဲ့တော့တယ်။
"ဟော...မြေးတောင်ပြင်ဆင်ပြီးပြီပဲ...။ဖွားကအခုပဲခေါ်တော့မို့။ကဲလာ...မနက်စာအဆင်သင့်ပဲ..."
အပြုံးချိုချိုလေးဖြင့် အသက်၇၀ ဟုမထင်ရအောင်တတ်ကြွဖျတ်လတ်နေတဲ့ ဖွားကတော့ ရှောင်ကျန့်ရဲ့အဖွားဖြစ်သူ ရှောင်းချီချီ....
ရှောင်ကျန့်မှာမိဘမရှိတော့ပေ...။တစ်ဦးတည်းသော မိသားစုဟာဖွားပင်ဖြစ်သည်။
ရှောင်ကျန့်မားက သာမန်အဆင့်တန်းထဲကပါးကိုယူမိလို့မားဘက်ကအမွေဖြတ်ခံခဲ့ရပြီး လုံးဝအဆက်သွယ်ဖြတ်တောက်ပြစ်ခဲ့တယ်လို့ဖွားပြောပြဖူးသည်။
မားမိဘတွေက အရမ်းချမ်းသာတဲ့အသိုင်းဝိုင်းလို့တော့ကြားခဲ့ဖူးတာပဲ။ပါးကမားမိဘတွေရဲ့ အလုပ်သမားတဲ့။ သဘောမတူနိုင်မှန်းသိလို့ပါးနှင့်မားကခိုးပြေးတော့အလုပ်သမားနဲ့လိုက်ပြေးသွားတယ်ဆိုပြီး သတင်းတွေကြောင့်အရှက်ရကာအမွေပြတ်လုံးဝမပက်သက်တော့ပဲ မားကိုစွန့်ပြစ်ခဲ့ကြတာတဲ့။
ပါးက မားကိုမားမိဘလိုအချမ်းသာကြီးမဟုတ်ပေမဲ့နေနိုင်စားနိုင်ပြီးပျော်အောင်ထားခဲ့တာကြောင့် မားကလဲစိတ်ချမ်းသာသာနေခဲ့ရတယ်လို့လဲ ပြန်သိရတယ်။
မားနဲ့ပါးက ရှောင်ကျန့်ကိုမွေးပြီးတစ်နှစ်အကြာမှာပဲ
အလုပ်ကိစ္စနဲ့ခရီးသွားရင်း အက်စီးဒင့်ဖြစ်ပြီးဆုံးသွားခဲ့တာ။အဲ့အရွယ်တည်းကနေ အခုအသက်၂၆ နှစ်ထိ ဖွားကပဲရှောင်ကျန့်ကိုပြုစုကြွေးမွေးစောင့်ရှောက်ခဲ့တာ။
မိဘတွေအကြောင်းကိုတော့ ရှောင်ကျန့်အရွယ်ရောက်လာမှ ဖွားကပြန်ပြောပြခဲ့တာပေ။
YOU ARE READING
လိပ်ပြာငယ်
Horrorတစ်ချို့ဘဝတွေက နီးစပ်ဖို့သိပ်ကိုခက်ခဲလွန်းတယ် မောင်ရယ်... ဘယ်လောက်ခက်ခဲပါစေ...မောင်မင်းကိုရအောင်ရှာဖွေပါ့မယ်။ ခက်ခဲလေလေ...မောင်မင်းကိုပို၍ချစ်လေလေပါ ပူကြူးရယ်။