"ဒီနှစ်တွေအတွင်း အဆင်ပြေလား.."
ဆံနွယ်ရှည်တွေမြှောက်စည်းထားတယ်ထင်ခဲ့ပေမဲ့ စစ်ဆင်ရေးအတွက်ပြုပြင်လာခဲ့တဲ့ချင်းရုံက ယခုတော့ဆံပင်ဂုတ်ဝဲကလေးနဲ့ရှောင်ကျန့်ရှေ့ထိုင်ရင်းမေးလာပါရဲ့....
အများကြီးပြောင်းလဲသွားခဲ့တာပါပဲ...
မူ့ခင်းစုံထောက်တစ်ယောက်ပေမို့ ယခုပုံစံနှင့်သူမက ရဲ့ရင့်ဟန်တူတယ်။ရုတ်တရက်ကြီးပြန်ရောက်လာပြီး အဆင်ပြေရဲ့လားလာမေးရအောင် ရှောင်ကျန့်နှင့်သူမကဘာများသက်ဆိုင်တော့လို့လဲ....
ရူ့တည်တည်နဲ့ရှောင်ကျန့်က ချင်းရုံကိုတစ်ချက်ကြည့်ကာဖြင့်...
" အဆင်မပြေစရာ ဘာအကြောင်းရှိရမှာလဲ..."
တည်ငြိမ်တဲ့လေယူလေသိမ်းကြောင့်ချင်းရုံအောင့်သက်သက်ပြုံးမိသွားတယ်။
ဒါပေါ့...ကိုကိုကဘာအဆင်မပြေစရာရှိရမှာလဲလေ...ချင်းရုံကိုယ့်ဘာသာအထင်ကြီးမိသွားတာပဲ....
သူမရှေ့ထိုင်နေတဲ့ကိုကိုက လွန်ခဲ့တဲ့၅ နှစ်ကရှောင်ကျန့်မှမဟုတ်တော့တာ....
သူမနဲ့ကိုကိုက ရဲသင်တန်းကျောင်းစတတ်ကတည်းကခင်မင်သိကျွမ်းခဲ့ကြတာ...
အပြုံးချိုချိုနဲ့ဖော်ရွှေတတ်တဲ့ကိုကို့ကို ချင်းရုံကစပြီးသဘောကျခဲ့သလို စပြီးလဲဖွင့်ပြောခဲ့ရသူ။
မထင်မှတ်ထားစွာပဲကိုကိုကလဲချင်းရုံကိုသဘောကျတယ်ဆိုလာတော့ တွဲဖြစ်ခဲ့ကြတာသုံးနှစ်တိတိ...
ဒါပေမဲ့ ချင်းရုံကအတ္တကြီးတဲ့မိန်းမတစ်ယောက်ပင်...
အချစ်နဲ့ဘဝရှေ့ရေးရွေးချယ်လာတဲ့အချိန်မှာ ကိုကို့ကိုထားခဲ့ပြီးဘဝကိုရွေးချယ်ခဲ့မိတယ်။
တွဲဖြစ်စဥ်နှစ်တလျှောက်မှာကိုကိုကချင်းရုံအပေါ်အလေးထားဂရုစိုက်ပေးခဲ့တာမို့ သူမအပေါ်နားလည်ခွင့်လွတ်ပေးမှာပါဆိုတဲ့တစ်ဖက်သတ်အတွေးနဲ့ ဘဝကိုရွေးချယ်ခဲ့တဲ့အပေါ် ထိုနေ့ကကိုကိုပြောခဲ့တဲ့စကားကတစ်ခွန်းတည်းပဲ...
*ထွက်သွားရင်အပြီးသွားပါရုံ... ကိုယ့်ဘက်ကအကြိမ်ကြိမ်ပြန်လက်ခံမှာမဟုတ်ဘူး *တဲ့...
YOU ARE READING
လိပ်ပြာငယ်
Horrorတစ်ချို့ဘဝတွေက နီးစပ်ဖို့သိပ်ကိုခက်ခဲလွန်းတယ် မောင်ရယ်... ဘယ်လောက်ခက်ခဲပါစေ...မောင်မင်းကိုရအောင်ရှာဖွေပါ့မယ်။ ခက်ခဲလေလေ...မောင်မင်းကိုပို၍ချစ်လေလေပါ ပူကြူးရယ်။