"တစ်ချို့ဘဝတွေက နီးစပ်ဖို့သိပ်ခက်တယ်မောင်ရယ်" (Wang yibo)
" ခက်ခဲလေ မောင်မင်းကိုပိုချစ်လေမို့ ပူကြူးကသာမောင့်အနားရှိနေပေးပါ..."(Xiao Zhan)
" ကိုကို...ရုံကိုကိုနဲ့မဝေးချင်ဘူး...အဲ့အတွက်ရုံဘာလုပ်သင့်လဲကိုကိုရယ်...."(လီချင်းရုံ)
"အချစ်တဲ့လား....ဟားဟား...အချစ်နဲ့ငွေကတန်းတူအချိုးကျတယ်။ငွေပေးရင်အချစ်တွေမှ ပေါ်လွန်းလို့...
အင်း....ငွေရှာတတ်ဖို့တော့လိုတာပေါ့"(မုန့်ပိုင်ချန်)...........................................
မူ့ခင်းရဲအရာရှိငယ်လေး ရှောင်ကျန့်က ရိုးသားကြိုးစားပြီးမိဘမရှိတော့ပဲ အဘွားနဲ့နေထိုင်ကာဘဝကိုအေးချမ်းစွာဖြတ်သန်းနေတယ်။
ယခင်ကချစ်သူရှိခဲ့ဖူးပေမဲ့အကြောင်းရင်းမတိုက်ဆိုင်လို့ပြတ်သွားခဲ့ကြပြီး လက်ရှိမှာတော့ Single ခပ်ချောချောအရာရှိလေး ပေါ့။
ပျိုတိုင်းကြိုက်ပြီး အသက်ကြီးကြီးအန်တီတွေကြားထဲမှာလဲ အပြုံးချိုချိုနဲ့ရေပန်းစားတဲ့အရာရှိရဲ့ဘဝလေးထဲ လေလွင့်ဝိညဥ်ငယ်လေးရောက်ရှိလာတဲ့အခါမှာတော့ ဘယ်လိုတွေဖြစ်မလဲ...
ထိုဝိညဥ်ငယ်လေးကရော ဘယ်လိုအကြောင်းကြောင့်ဒီဘဝသို့ရောက်ရှိလာလေသလဲ....
သူဘာတွေကြုံတွေ့ခဲ့ရလေသလဲ....
အရာရှိရှောင်ကျန့်နဲ့ဘယ်လိုတွေဆက်ဖြစ်လေမလဲ....လိပ်ပြာငယ် Fic လေးမှာစီးမျှောပေးကြပါဦး။
ဒါလေးကို ထိုင်းသရဲကားတစ်ခုကိုမှီငြမ်းရေးသားမှာပါ..
အလုံးစုံတော့မဟုတ်ဘူးပေါ့နော်။
ဆိုတော့စိတ်ဝင်စားရင်မနက်ဖြန် အပိုင်းသစ်လေးစတင်ပါ့မယ်ရှင့်...
အကြံပြုပေးသွားကြပါဦးနော်....စကားမစပ်... ပိုးပြန်လာပြီဆိုပြီးပျောက်သွားလို့စိတ်မခုကြပါနဲ့ဦးနော်။
စာနဲ့နဲနဲအလှမ်းဝေးသွားတော့ ဘယ်လိုမျိုးရေးသားရမလဲအတော်ခေါင်းစားနေခဲ့လို့ပါ။
ဖတ်တဲ့သူတွေစိတ်ဝင်စားလောက်မလား အဆင်ရောပြေပါ့မလားနဲ့ အတော်လေးတွေးနေမိလို့ရက်ပြန်ကြာသွားတယ်😁😁
နောက်ဆုံးတော့တွေးရင်းတွေးရင်း ဒါလေးစိတ်ကူးပေါ်လာလို့ ရေးသွားပါ့မယ်။
ဖတ်ကြမယ်မလားဟင်?😘Poe
ဖတ်ကြမယ်မလားဟင်?😘Poe
YOU ARE READING
လိပ်ပြာငယ်
Horrorတစ်ချို့ဘဝတွေက နီးစပ်ဖို့သိပ်ကိုခက်ခဲလွန်းတယ် မောင်ရယ်... ဘယ်လောက်ခက်ခဲပါစေ...မောင်မင်းကိုရအောင်ရှာဖွေပါ့မယ်။ ခက်ခဲလေလေ...မောင်မင်းကိုပို၍ချစ်လေလေပါ ပူကြူးရယ်။