ဖွားရှောင်းက ခုတလောမူမမှန်သည့် မြေးကိုစောင့်ကြည့်ရင်းစိတ်ပူနေရပါတယ်။
အကြောင်းရင်းက ခုတလောမြေးဟာ တစ်ယောက်တည်းစကားတွေပြောနေတတ်လို့။
အလုပင်ပန်းတာကြောင့်များစိတ်ရောဂါတစ်ခုခုဖြစ်နေမလားစိုးရိမ်ပေမဲ့ ဆေးရုံဆေးခန်းခေါ်သွားဖို့ကျလဲဖွားရှောင်းကမလုပ်ရက်ပြန်ဘူး...
မြေးဟာအရာအားလုံးပုံမှန်အသိစိတ်ပေမဲ့ တစ်ယောက်တည်းရှိချိန်ကျရင် ဘေးမှာလူတစ်ယောက်ရှိနေသလိုမျိုး စကားတွေတတွတ်တွတ်ပြောနေတာပင်။
ဒီလိုဖြစ်နေတာ တစ်လနီးပါးတောင်ရှိရော့မယ်...
အစကတော့ဒီတိုင်းအမူ့မဲ့အမှတ်မဲ့နေခဲ့ပေမဲ့ ညဘက်သူ့အခန်းပြန်ရောက်ရင်တော့ စကားတွေတစ်ယောက်တည်းဖောင်ဖွဲ့နေတာမပြီးတော့ပေ....ဟင်းးးး ခုလဲ တံခါးအပြင်ဘက်ကနေဖွားရှောင်းအသာလေးကြည့်နေခဲ့တာပင်....
" လိပ်ပြာ... ဒါကိုလာကြည့်...မင်းနဲ့စပ်ဆက်မဲ့နာမည်တွေကိုယ်ရှာကြည့်ထားတယ်...."
"......"
" ဝမ်ကျင့်... ဝမ်ချူး... ဝမ်လျဲ့...ဝမ်ဟုန်."
နာမည်တွေကို Laptop ကြည့် တတွတ်တွတ်ရွတ်ပြနေရင်း...ဘေးကဘယ်သူမှမရှိတဲ့ခုံလွတ်ကိုလှည့်လှည့်ကြည့်ကာပြောနေပုံက အဟုတ်ကိုသူ့ဘေးနားလူတစ်ယောက်ရှိနေသလို။
ဖွားရှောင်းက စိတ်ထဲမကောင်းစွာနဲ့သက်ပြင်းချရင်းတံခါးအသာလေးစေ့ပိတ်ပေးကာအောက်ထပ်ဆင်းသွားတော့တယ်...
မြေးကိုတော့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသဆွေးနွေးမှတော့ရတော့မယ်ထင်ပါတယ်....
...............
သူရွတ်ပြတဲ့နာမည်တွေကို ခေါင်းခါရင်း လိပ်ပြာကမျက်နှာလေးငယ်လို့....
သိမကြာခင်ကမှ သူ့နာမည်မှတ်မိပါပြီဆိုပြီးဝမ်းပန်တသာပြောလာသူလေးက ဝမ်တစ်လုံးပဲမှတ်မိလေတော့ ဝမ်နဲ့ပက်သက်သမျှရှာပေးနေခဲ့ပေမဲ့ ရက်သတ္တပါတ်ကျော်လာတဲ့ထိ ဒီရုပ်ကလေးကိုရှာမတွေ့လာသေး..
ဝမ်ငယ်လို့သာ ချစ်စနိုးခေါ်သည့်နာမည်ကလေးသာမှတ်မိလာတဲ့လိပ်ပြာက ကျန်တာခုထက်ထိဘာမှကို မိသားစုဘယ်သူဘယ်ဝါဆိုတာမသိသေး။
YOU ARE READING
လိပ်ပြာငယ်
Horrorတစ်ချို့ဘဝတွေက နီးစပ်ဖို့သိပ်ကိုခက်ခဲလွန်းတယ် မောင်ရယ်... ဘယ်လောက်ခက်ခဲပါစေ...မောင်မင်းကိုရအောင်ရှာဖွေပါ့မယ်။ ခက်ခဲလေလေ...မောင်မင်းကိုပို၍ချစ်လေလေပါ ပူကြူးရယ်။