#ဤFictionတွင်ပါဝင်သော အကြောင်းအရာ၊အဖြစ်အပျက်အားလုံးသည် စာရေးသူ၏ စိတ်ကူးမျှသာဖြစ်ပါသည်။#~~~~~~~~~~~~~~~~~~~~~~~~~~
"Jimin ကျုပ်ကို ယုံပါ ကျုပ် Jiminဆီ ဆက်ဆက် လိုက်လာခဲ့မယ်"
ခပ်ဝေးဝေးကနေ ပြောနေသံပေမယ့် နားထဲ အနီးကပ်ကြားနေရသလိုပင်။
ဝမ်းနည်းစိတ်တို့သည်လည်း ထိုအသံကိုကြားခိုက်မှာ အဆင်မပြေတော့ပေ။
အနှစ်နှစ်အလလ လွမ်းဆွတ်ခြင်းတွေက အရှိန်အဟုန်နှင့်ကို မြိုက်လောင်နေပြီ။
အရပ်လေးမျက်နှာ လှည့်ပတ် ဖွေရှာနေလည်း အသံရှင်ကို မတွေ့ရတာမို့ ပိုပြီး နာကျင်ရသည်။"Kim!!!"
မောဟိုက်စွာ လန့်နိုးလာရသည့် ညဥ့်သန်းခေါင်တွေက ရေတွက်လို့ပင် မနိုင်တော့ပါ။
ချွေးစေးတို့ရွဲနစ်နေသည့် အပြင် မျက်ရည်ပူတွေပါ ကျဆင်းလာနေသည့် အခြေအနေက ညစဥ်ညတိုင်း ကြုံတွေ့ရတတ်သည်။
Kimကို ပြောစရာစကားမရှိအောင်ကို လွမ်းနေရတာ ကိုယ်တိုင်သာ သိသည်။
မျှော်လင့်စောင့်စားခြင်းနှင့်ပတ်သတ်သည့် ရှိ ရှိသမျှ လွမ်းလွမ်းဆွေးဆွေး စကားလုံးတိုင်း ကို Kimအတွက် သုံးနှုန်းချင်သည်။
လမ်းပျောက်ခြင်းတို့ကြားက ကံကောင်းစွာ ရှာတွေ့ခဲ့တဲ့ အိမ်က Kim Tae Hyungဆိုတဲ့အိမ်။
နွေးထွေးလုံခြုံတဲ့အငွေ့အသက်ကဲထားတဲ့ Kimက ကော်ဖီနွေးနွေးလေးတစ်ခွက်လို စွဲမက်ဖွယ်ကောင်းသည်။မလှပခဲ့တဲ့ အတိတ်နေ့ရက်တွေမှာ Kimနဲ့တွေ့ဆုံခဲ့ရတာက တစ်ခုတည်းသော လှပခဲ့တဲ့အခိုက်အတန့်လေးမို့..။
ထိုအခိုက်အတန့်လေးသည် Park Jiminအတွက် အဖိုးထိုက်လွန်းသည်။စစ်မှန်ခြင်းတို့နှင့် လမ်းပြပေးခဲ့တဲ့ အားကိုးဖွယ်ရာလူသားမို့ ထာဝရရဲ့ အဆုံးစွန်ထိ မေ့နိုင်ဖို့ မဖြစ်နိုင်ရာ။
ကြာခဲ့ပြီ။
တကယ်ကို ဆယ်စုနှစ်တစ်ခုစာ ကြာခဲ့ပြီပဲ။ဆက်၍ အိပ်မရတော့ပြီမို့ စာကြည့်မျက်မှန်ကိုသာ ကောက်တပ်ရင်း မနက်ဖြန်ပွဲအတွက် သူပြောရမည့် စာရွက်တို့ကို ပြန်စစ်နေလိုက်တော့သည်။
YOU ARE READING
Let's meet before sunset
Fanfiction"Jimin ကျုပ်ကို ယုံပါ ကျုပ် Jiminဆီ ဆက်ဆက် လိုက်လာခဲ့မယ်"