အပိုင်းငါး။
တစ်ချို့ဧည့်သည်တွေသည် တစ်စုံတစ်ခုကို ဆွဲထုတ်သွားဖို့ ဖြစ်တတ်သည်။
မနေ့ညက Taehyung Oppaဆိုကာ ရောက်လာခဲ့သည့် မိန်းမလှလေးသည် Kimရဲ့ စေ့စပ်ထားသည့်သူဖြစ်ကြောင်းသိလိုက်ရသည်။
ဆစ်ခနဲ နာကျင်ရသည့် ရင်တွင်းတစ်နေရာသည် Kimကို ဆုံးရှုံးရမည်ကို သေချာသိနေခဲ့၍ ဖြစ်မည်။
Min Yoon Ji ဆိုသော မိန်းမလှလေးနှင့်သာ Kim က ထိုက်တန်ပါသည်လေ။
"Taehyung Oppa သူက ဘယ်သူလဲ"
Jiminကို လက်ညိုးထိုး၍ ခပ်စူးစူးမေးလာသည့် အသံလေးကပင် သာယာနာပျော်ဖွယ်။
ဒီလိုကောင်မလေးမျိုးနှင့် Kimလို ပြည့်စုံသည့်လူက လိုက်ဖက်တာထက်ပိုပါသည်။"ကိုယ့်ဧည့်သည် YoonJi မင်းနဲ့ မဆိုင်ဘူး သူ့ဘာသာနေပါစေ "
ဧည့်သည်ပါပဲ။ ဟုတ်ပေသည်။ Jiminက ခဏတာဝင်နားခဲ့သည့် ဧည့်သည်တစ်ယောက်ပဲ။
သို့သော် Jiminမသိခဲ့တာက ထိုမိန်းကလေးသည် Jiminအခြေအနေကို သေချာမြင်တွေ့ခဲ့သည်ဆိုတာကိုပဲ။
"Taehyung Oppa! ဘာတွေလုပ်နေတာလဲ ဒါ ဘယ်ကိုဦးတည်နေသလဲ သိရက်သားနဲ့!!"
"YoonJi မင်း ပါးစပ်ကို ပိတ်ထားပေးနိုင်မလား ကိုယ်လုပ်နေတာကို ကိုယ်သိတယ် မင်း ဝင်မရှုပ်နဲ့"
"မရှုပ်လို့မရဘူး! Oppaအခု လုပ်နေတာတွေက Oppaအသက်ပါ ထိခိုက်နိုင်တယ်ဆိုတာကို မသိဘူးလား Oppaရူးသွားတာလား!!"
"အေး ရူးနေပြီ"
Taehyungရဲ့ မျက်နှာကိုသာ ငေးခဲ့ရသည့် သူမက Taehyungဘာတွေဖြစ်နေသလဲ မရိပ်မိစရာအကြောင်းမရှိ။
မိဘချင်းသဘောတူခဲ့သည်ကြောင့် လက့ခံထားရသည့် စေ့စပ်ခြင်းကို Taehyung Oppaဘက်က စိတ်မပါတာကို သူမ သိသည်။
သူမအပေါ် စိတ်မရှိတာကိုလည်း သူမ သိနေပါသည်။
သို့သော်လည်း ဘယ်တတ်နိုင်ပါ့မလဲ ထိုသို့သော YoonJiဘက်တစ်ချက်မှ လှည့်မကြည့်သူကိုမှ သူမက လိုချင်နေခဲ့တာ။Kim Taehyung လုပ်နေသည့်အလုပ်က အန္တရာယ် ရှိသည် သူမ တားလို့ရသလို၊ ဖုံးပေးထားဖို့လည်း လွယ်သည်။
Yoon Ji ရဲ့မိသားစုက ဒီနိုင်ငံရဲ့ အာဏာရှိသည့် အသိုင်းအဝိုင်း။
Taehyung Oppaတို့ ဘက်ထက်ပင် သူမတို့က ပိုသည်။
![](https://img.wattpad.com/cover/370205722-288-k318881.jpg)
YOU ARE READING
Let's meet before sunset
Fanfiction"Jimin ကျုပ်ကို ယုံပါ ကျုပ် Jiminဆီ ဆက်ဆက် လိုက်လာခဲ့မယ်"