အပိုင်းလေး။
"Kim! ကျွန်တော် ထမင်းကြော်ပေးထားတယ်နော်"
"ကျေးဇူးပါ Jimin"
အိမ်မှာ နေတာ ရက်ကြာလာသည်နှင့်အမျှ Park Jiminသည် အိမ်အလုပ်တစ်ချို့ကိုကူညီပေးလာသည်။
Kim Taehyungအဝတ်အစားတွေကို လျှော်ပေးတာမျိုးအထိ လုပ်ပေးတတ်၍ အားနာရသေးသည်။
အေးသည့်ရာသီမို့ ရေအေးတို့နှင့် အဝတ်လျှော်သည်ကို စိတ်ပူတာလည်းပါသည်။"မင်း သွားပြင်ဆင်တော့လေ Jimin ဒီနေ့ မင်းညီမဆီ သွားရမယ် သဘက်ခါအတွက်အချိန်းအချက် လုပ်ဖို့ကော မင်း ညီမဘေးကင်းတာကို မင်းအတည်ပြုနိုင်ဖို့ကော"
မနက်စာ စားပြီးခိုက် သတိပေးလာသည့် သူကြောင့် Jiminမျက်လုံးလေးများပင် ပြူးကျယ်လာရသည်။
ညီမလေးနှင့် တွေ့ခွင့်ရတော့မည်လား။"ဗျာ! ကျွန်တော် အတူလိုက်ရမှာလား ညီမလေးနဲ့တွေ့ရတော့မှာပေါ့"
"အင်း ကျုပ် ယူနီဖောင်းတစ်စုံ ထုတ်ထားပေးတယ် အဲ့ဒါကို လဲခဲ့လိုက်ပါ ကျုပ်
တပည့်အနေနဲ့ ခေါ်သွားရမှာပဲ"ခပ်အေးအေးပြောနေသော Kimကို ကြည့်ရင်း Jiminယုံကြည်ခြင်းတို့ ပိုမိုဖြစ်တည်လာရသည်။
Kimကို မယုံရဲ ခဲ့ပေမယ့် အခုအချိန်ထိ လုပ်ပေးလာတာတွေအတွက် မယုံလို့မရတော့ပေ။"ကျေးဇူးပါ Kim ကျွန်တော်မှာ ခင်ဗျားအကြောင်းထုတ်ပြောရရင် ကျေးဇူးတင်ကြောင်းအပြင်မရှိတော့ပါဘူး Kimနဲ့ တွေ့ဆုံရတာ ဘဝရဲ့ ပထမဆုံးကံကောင်းခြင်းပါပဲ "
"ကျေးဇူးတင်ရင် မင်း ဘေးကင်းအောင်သာ နေပေးပါ Jimin "
"ဗျာ! ဟုတ် ကဲ့"
Kimစကားကြောင့် လှုပ်ရှားသွားရသည့် ရင်ဘတ်နှင့် ပူထူလာသည့် မျက်နှာကို လျစ်လျူရှုရင်း အဝတ်အစားလဲရန် ရှောင်ထွက်ခဲ့တော့သည်။
Kimက သဘောကျချင်စရာကောင်းသည်။
သို့ပေသိ သဘောကျလို့ရနိုင်ပါ့မလား Jiminမသိပါ။
Kimသည် ယောက်ျားသားတစ်ယောက် ၊ထိုနည်းတူ Park Jiminသည်လည်း ကောင်လေးဖြစ်နေသည်။
ထိုသို့တူညီနေသည့် လူနှစ်ယောက်ကြား ထူးခြားသည့် ဆက်နွယ်မှုနှင့် သဘောကျခွင့် ရနိုင်ရဲ့လား တကယ်မသိပါ။
ပတ်ဝန်းကျင်မှာတော့ တစ်ခါမှ မကြုံဖူးတာမို့ Jiminဆိတ်ဆိတ်သာနေဖို့တွေးထားသည်။
YOU ARE READING
Let's meet before sunset
Fanfiction"Jimin ကျုပ်ကို ယုံပါ ကျုပ် Jiminဆီ ဆက်ဆက် လိုက်လာခဲ့မယ်"