Part-3

42 7 0
                                    

အပိုင်းသုံး။

"Jimin ကျုပ်အိမ်မှာပဲ နေရစ်ခဲ့ပါ ဘယ်မှမသွားပါနဲ့ "

ယူနီဖောင်းဝတ်နှင့် ထွက်လာသူကြောင့် Jiminကြောင်ငေးနေမိသည်။
Kimက.. သူက...အရာရှိ?စစ်ဗိုလ်?
သူ ပြောပြခဲ့သမျှအတွက် သူ့လုံခြုံရေးနှင့် ညီမလေးရဲ့ဘေးကင်းရေး ။
သူမှားပြီလား မယုံသင့်သူကို ယုံမိပြီလား။

"ခင်ဗျားက စစ်ဘက်ကလား! ဘာလို့မပြောခဲ့တာလဲ ကျွန်တော် ခင်ဗျားကို ယုံလို့ အကုန်ပြောပြခဲ့တာ ကျွန်တော့်ယုံကြည်မှုကို ခင်ဗျား!!!"

"Jimin ! ကျုပ် က မင်းကို အန္တရာယ်ပေးမယ့်သူ မဟုတ်ပါဘူး ဒါကိုယုံပေးပါ ကျုပ်သာ တစ်ခုခု ထိခိုက်စေချင်ရင် ညကတည်းက လုပ်ပြီးပြီပေါ့ Jiminသေချာ စဥ်းစားပါ ပြီးမှ ယုံကြည်ပါ ကျုပ် Jiminကို စိတ်သန့်သန့်နဲ့ ကူညီချင်တာပါ ကျုပ် သူများဆီက ဘာကိုမှ အလကားမလိုချင်ဘူး အဲ့ဒါက အသက်ဖြစ်နေရင်တောင်မှပေါ့!"

Jiminသည် အပြည့်အဝ မယုံရဲတော့ပါ။
လူကောင်းမှန်းသိပေမယ့် ဝတ်ထားသည့် ဝတ်စုံက မယုံသင့်ကြောင်းပြနေသည်။
သို့သော်လည်း စုပ်လည်းစူး၊စားလည်းရူးတော့မည့် အခြေအနေမှာ ဘာမှ မတတ်နိုင်ပါ။
ကိုယ်က သူ့ပိုင်နက်ထဲ ရောက်နေခဲ့ပြီးသည့်နောက် စောင့်ကြည့်ရုံအပြင် မရှိတော့ပြီ။

အဖြေပြန်မပေးမိဘဲ တိတ်ဆိတ်နေမိတော့ ဘယ်လိုယူဆ သွားသည်မသိ။

"ကျုပ် အလုပ်နဲ့ သက်သေပြ ပါ့မယ် မင်းသာ ဒီမှာ နေခဲ့ပါ နေခိုင်းတာကလည်း တစ်မျိုးမထင်ပါနဲ့ အပြင်ထွက်ရင် မင်းပုံစံနဲ့က လူရိပ်မိလွယ်နိုင်တာကြောင့် အန္တရာယ်တွေ့မှာကို ကျုပ် ပူပန်မိလို့"

ခပ်သြသြအသံနှင့် စကားကို နားလည်အောင်ဖြည်းဖြည်းလေးပြောနေသူ က Jiminယုံကြည့်လို့ဖြစ်ပါ့မလားလေ။
ပိရိသည့်နှုတ်ခမ်းက ပြတ်သားတတ်သူ ဖြစ်ကြောင်း ကြားဖူးသည်မို့ ဆုံးဖြတ်ပြီးရင် ပြတ်သားစေဖို့သာ မျှော်လင့်မိတော့သည်။

"ကောင်းပြီ"

ထိုအခါမှ Kimသည် နှုတ်ခမ်းစွန်းလေးတွေ ကွေးညွတ်သွားသည်အထိ ပြုံးလေသည်။
နှုတ်ခမ်းဘေးတစ်ဖက်တစ်ချက်မှာ ခပ်ကွေးကွေးအရာလေးတွေ ထင်သည်အထိ ပြုံးသည်ကြောင့် Jiminငေးခနဲ။
Kimက တကယ် ဆုတောင်းကောင်းသူပါပဲ။
ယောက်ျားလေးဖြစ်ပေမယ့် အတော်ချောမောပြေပြစ်သည့် လှပမှုမျိုး ပိုင်ဆိုင်ထားသေးသည်။
Jiminငေးနေတုန်းမှာပင် Kimသည် ထွက်သွားလေပြီ။

Let's meet before sunsetWhere stories live. Discover now