အားလင်း: Gyubrik Fic cafeမှ ကြိုဆိုပါတယ်။ လူကြီးမင်း ဘယ်လိုcoffeeမျိုး သုံးဆောင်ချင်ပါသလဲ?
ဖြေ: Ex Latte!
____❀____
"လမ်းခွဲရအောင်!"
တစ်ဖက်လူက အံ့ဩသွားဟန်မပြ။ မျက်နှာထားတင်းတင်းနဲ့၊ မချိုမချဥ်ပြုံးပြီး ဘောင်းဘီးအိတ်ကပ်ထဲ လက်နှစ်ဖက်ကို ခပ်တည်တည်ထည့်လိုက်ရင်း ပြန်ဖြေတယ်။
"ခွဲဆိုလည်း ခွဲတာပေါ့... မတားဘူး ခွဲခွဲ"
ရစ်ခီက သူ့အား မချော့ဘဲ လမ်းခွဲမယ်ပြောတာကို အသာတကြည်လက်ခံလာတဲ့ ဂယူဗင်းကို မျက်စောင်းထိုးကြည့်ပြီး အောက်နှုတ်ခမ်းလေးအား ခပ်နာနာ ကိုက်ပစ်လိုက်တယ်။ အား!!! ဒီလိုလူမျိုး သေတောင် သံုးခါမတွဲဘူး!
နှစ်ခါကတော့ တွဲပြီးသွားပြီဆိုတော့ ထားလိုက်ပါတော့ပေါ့ ဘယ်လိုပဲဖြစ်ဖြစ် သူ သေချာမသိခဲ့လို့ပဲဟာ...
"ဒီတစ်ခါတော့ လုံးဝပြန်မတွဲဘူးနော် မင်းကို ငါ့ရည်းစားလုပ်ခွင့် တစ်သက်တာ ရုတ်သိမ်းတယ် ဂူဘင်း! ဟွန်း"
ရစ်ခီက စူးချွန်တို့အောက်ကခံထားသော bootလေးဖြင့် ထိုနေရာမှထွက်မလာခင်၊ ဂယူဗင်းခြေထောက်ကို ခပ်ကြမ်းကြမ်းလေး တက်နင်းပစ်ခဲ့ပြီး ဟွန့်ခနဲနှာမှုတ်လိုက်သေးသည်။
ဂယူဗင်းနဲ့သူ ဒီတစ်ခါ တကယ်ပြတ်ပြီ!
မျက်နှာလေးကသာ အကြောတင်းပုံစံနှင့် ချေမိုးဝင့်ကြွားနေပေမယ့်၊ ခြေလှမ်းတွေကတော့ ကျောင်းကားပါကင်ဆီကို ခပ်သုတ်သုတ်။ လည်ချောင်းမှာ တဖြည်းဖြည်းအောင့်လာပြီး ရင်ဘတ်ထဲလည်း တင်းကြပ်လို့၊ လက်သီးဆုပ်လေးများမှာလည်း ခပ်တင်းတင်းနဲ့။ ရင်ဘတ်ကို အသာထုရိုက်ရင်း ကားအနားရောက်တာနဲ့ တံခါးကို အမြန်ဆွဲဖွင့်ပြီး ရစ်ခီဟာ ကားပေါ်ရောက်တာနဲ့ ငိုချတော့သည်။
ကြောင်အော်သံ ဝူးဝူးဝါးဝါးလေးက ကားထဲမှာ သောသောညံသွားတယ်။
ရစ်ခီ၏မျက်လုံးနက်လေးမှာ မျက်ရည်ဥ ကြီးငယ်နဲ့။ ကားစတီယာရင်ဘီးကို ထုရိုက်လို့ ပါးစပ်ကလည်း ဘာတွေကို မကျေမချမ်း ရေရွတ်တယ်မသိ။
YOU ARE READING
𝑭𝒊𝒄 𝑪𝒂𝒇𝒆 𝒃𝒚 𝑮𝒚𝒖𝑹𝒊𝒄𝒌𝒚 | open
Fanfiction𝖡𝗎𝗋𝗆𝖾𝗌𝖾 // 𝖬𝗒𝖺𝗇𝗆𝖺𝗋 𝖲𝗁𝗂𝗆𝗄𝗈𝗇𝗀𝗓 𝖮𝗇𝖾𝗌𝗁𝗈𝗍𝗌 𝖡𝗈𝗈𝗄 | ရင်ခုန်သံ(심쿵즈) ကော်ဖီဆိုင် |