7. သူလိုလူ

818 100 125
                                    

မေး : တော်တော်လေး ပျောက်နေတယ်နော် ဘာတွေလုပ်နေလို့ updateမပေးတာလဲ အားလင်း

အားလင်း : ဦးနှောက်ကျပျောက်သွားတာပါ၊ အခုတော့ ပြန်ကောက်ရပြီမို့ ကော်ဖီချိုခါးလေး တစ်ခွက် ​ဖျော်တိုက်ပါမယ်ရှင် ~ ~

အားလင်း : ဦးနှောက်ကျပျောက်သွားတာပါ၊ အခုတော့ ပြန်ကောက်ရပြီမို့ ကော်ဖီချိုခါးလေး တစ်ခွက် ​ဖျော်တိုက်ပါမယ်ရှင် ~ ~

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

JUST LIKE HIM

☆☆☆



"သူလိုလူ..."

အင်း..... သူလိုလူ.....။

ကင်မ်ဂယူဗင်းကဲ့သို့သော လူ။ သူနှင့် ကိုယ် လက်ထပ်ဖြစ်ခဲ့လျှင် နှစ်ယောက်ထဲမှာ အပျော်ဆုံးလူဟာလည်း သူပဲဖြစ်လောက်မယ်တဲ့။ ဒါက သူပြောတဲ့စကား။ တစ်ဖက်သတ်ပဲပေါ့။ ကိုယ့်အတွေးကို သူမှ မမေးခဲ့တာပဲလေ။

ဒီစကားဟာ ဘယ်လောက်အတိုင်းအတာအထိများ မှန်လိမ့်မလဲတော့ ကိုယ်လည်း သေချာ မသိပါဘူး... သူသာလျှင် သိလိမ့်မည်။ သူက သိပ်လည်းသိုဝှက်တတ်တဲ့လူဆိုတော့ အခုနေများ မေးမိရင် ထိုအကြောင်းကို ကိုယ့်ထံ ပြန်ဖောက်သည်ချမည့်ပုံလည်း မပေါ်။

ဂယူဗင်းနဲ့ အတူတူရှိလာခဲ့တာ အရမ်းကိုကြာခဲ့ပြီ။ ၂၀၀၇ ခုနှစ်ရဲ့ နွေရာသီကျောင်းပိတ်ရက်တစ်ခုမှာ ကိုယ်နဲ့ သူစတွေ့ခဲ့တယ်။

သူက ကိုယ်နဲ့ယှဥ်လိုက်လျှင် အဲ့သည်တုန်းကတော့ ခပ်သေးသေးသာ ရှိဦးမည်။ ဂယူဗင်းက ပိန်ပိန်ညှောင်ညှောင် ကောင်ငယ်လေးတစ်ယောက်ဆိုပေမယ့် ပထမဆုံးစတွေ့ခဲ့တဲ့နေ့မှာတင် အရိုးထဲက အားတွေနဲ့ ကိုယ့်ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ ကောင်လေး။

မူလတန်းကျောင်းက ကလေးတွေ ကိုယ့်ကိုရီးယားအသံထွက်ကို လှောင်ကြတော့ အဲ့သည်ကလေးလေးတွေကို လှမ်းအော်ငေါက်ပြီး သူ့ကျောပြင်နောက်ဘက်ဆီ ကိုယ့်ကို ဆွဲခေါ်သွင်းခဲ့တဲ့ ၇ နှစ်သား ကင်မ်ဂယူဗင်းဟာ ကိုယ့်မျက်လုံးထဲကနေ ဘယ်တော့မှ ထွက်မသွားနိုင်မဲ့ ပုံရိပ်ငယ်လေးပါပဲ။

𝑭𝒊𝒄 𝑪𝒂𝒇𝒆 𝒃𝒚 𝑮𝒚𝒖𝑹𝒊𝒄𝒌𝒚 | openWhere stories live. Discover now