2. Teacher (Macchiato)

1.2K 123 141
                                    

အားလင်း: Gyubrik Fic cafeမှ ကြိုဆိုပါတယ်။ လူကြီးမင်း ဘယ်လိုcoffeeမျိုး သုံးဆောင်ချင်ပါသလဲ?

ဖြေ: Teacher (Macchiato)

ဖြေ: Teacher (Macchiato)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Macchiato jpg. Ⓒ︎Ⓡ︎ Pinterest)

᪥᪥᪥



အထက်တန်းကျောင်းသားလေးများ​ အလျှိုလျှိုဝင်လာကြတဲ့ ကျောင်းတံခါးဝဟာ ဘဲလ်တီးသံမြည်တမ်းတဲ့အခါ ဂိတ်စောင့်securityတွေရဲ့ပယောဂကြောင့် အလိုလို ပိတ်သွားလေတယ်။

ထိုတံခါးလေးက အမြဲ 8နာရီဆို ပိတ်တယ်။ နည်းတူပင်.. အားကစားနည်းပြဆရာတစ်ယောက်ဖြစ်တဲ့ ဂယူဗင်းရဲ့နေ့ရက်တွေဟာလည်း ပုံမှန်လိုပဲ...

ကျောင်းနောက်ကျတဲ့ကောင်တွေ ထိုင်ထလုပ်ခိုင်းမယ်၊ ကျောင်းဝတ်စုံ ေသချာဝတ်မလာတဲ့ကောင်တွေကို ကျောင်းအားကစားကွင်းထဲ ပတ်ပြေးခိုင်းမယ်၊ လွယ်အိတ်ပါမလာတဲ့ကောင်တွေကို ကီထိုင်ခိုင်းမယ်၊ အရှေ့ပေါက်က ဝင်.. အနောက်ပေါက်က ထွက် လုပ်ချင်နေတဲ့ ကျောင်းပြေးကောင်တွေကို ဖားခုန်ခိုင်းမယ်။

ပြီးတဲ့အခါ သူက တုတ်တစ်ချောင်းနဲ့ သကောင့်သားလေးတွေ အပြစ်ဒဏ်လုပ်ပြီးတဲ့အထိ တောင်လျှောက်လိုက်၊ မြောက်လျှောက်လိုက်လုပ်​ေနမယ်။

ဒီလိုမျိုး သာမန်ကျကျ လည်ပတ်နေတဲ့ အားကစားနည်းပြဆရာ ကင်မ်ဂယူဗင်းရဲ့နေ့စဥ်ဌာန်ကရိုဏ်းတွေကို ဖျက်ဆီးဖို့ရန်အလို့ငှာ၊ ရိုးရိုးသားသား ကျောင်းပြေးချင်လို့ပါဆိုတဲ့အကြောင်းပြချက်က အူတူတူကျောင်းသားသစ်လေးတစ်ယောက်က သူ့ဘဝထဲကို ဒီစာသင်နှစ်မှာ မဖိတ်ခေါ်ဘဲ ဝင်လာခဲ့တော့တယ်။

အစကတော့ ဂယူဗင်းဟာ ဒီကျောင်းသားလေးက သူ့ကို စချင်လို့ လုပ်နေတာလားဟု တွေးမိပေမယ့်၊ နေ့တိုင်း အိမ်ပြန်ဖို့အကြောင်းပြချက် တစ်ခုမဟုတ်၊တစ်ခုနဲ့အတူ သူ့ဆီရောက်ရောက်လာပြီး ငိုမဲ့မဲ့လေးလုပ်ပြတတ်တာမို့ အပြစ်တောင် မမြင်မိတော့။

𝑭𝒊𝒄 𝑪𝒂𝒇𝒆 𝒃𝒚 𝑮𝒚𝒖𝑹𝒊𝒄𝒌𝒚 | openWhere stories live. Discover now