Zawgyi

1.4K 39 0
                                    

*Omegaverse information နှင့် ပတ်သတ်၍ စာရေးသူ၏ စိတ်ကူးစိတ်သန်းများဖြင့်ဖြည့်စွက်ပုံဖော်ထားပါသည်*

ဆိုးလ်အထက်တန်းကျောင်းရဲ့ ဂုဏ်ကျက်သရေဆောင် ကျောင်းသားနှစ်ဦးရှိသည်။ ထိုကျောင်းသားနှစ်ဦးရဲ့ နောက်ခံငွေကြေးချမ်းသာမှုက ကျောင်းရဲ့အကြီးအကဲများကပင် ရိုသေရလောက်အောင် ကြီးမားပါ၏။

ကျောင်းရဲ့ group chat အပြင် ဝန်ထမ်းများရဲ့ပါးစပ်ဖျားထဲထိ ထိုကျောင်းသားနှစ်ယောက်အကြောင်းမပါရင်မပြီးပေ။

တစ်ယောက်က Jeon Jungkook ဖြစ်ပြီး နောက်ထပ်တစ်ယောက်က Kim Taehyung လို့ခေါ်သည်။ အရေးကြီးဆုံးအကြောင်းအရာကတော့ ထိုကျောင်းသားနှစ်ယောက်က မျက်နှာချင်းဆိုင်လို့မရအောင် ရန်ဖက်ဖြစ်နေကြပါ၏။

"ဟိုမှာ Jeon Jungkook လာပြီ"

ဒုံဂျယ်ရဲ့ အပြောစကားကြောင့် ကျောင်းဝကိုလှမ်းကြည့်လိုက်တော့ BMW ကားမီးခိုးရောင်ကို ဝန်းထဲမောင်းနှင်လာပြီး ကြွားဝါမော်ချီနေတဲ့ပုံနဲ့ ကားပေါ်မှဆင်းလာသည်။

နှာခေါင်းရှုံ့ပစ်လိုက်၏။ အဲ့ဒီကောင်အိမ်က ဆယ့်ရှစ်နှစ်မပြည့်သေးဘဲ ကားပေးစီးထားပြီး ကျွန်တော့်အိမ်ကတော့ တင်းကြပ်ထားသေးတာကြောင့် လုံးဝမကျေနပ်။ ဒီတစ်ချက်မှာ ကျွန်တော်နောက်ကျသလိုခံစားရ၏။

အဲ့ဒါကြောင့် အဲ့ဒီကောင်ရဲ့ မီးခိုးရောင်ကားကိုမြင်တိုင်း အောဂလီဆန်သည်။ ဆံပင်အရောင်ကို မီးခိုးဆိုးထားတာအားမရလို့ ကားတောင်မီးခိုးရောင်စီးတဲ့ကောင်ကို သောက်မြင်သေအောင်ကပ်၏။

အဲ့ဒီမီးခိုးရောင်ဆံပင်ကိုပဲ ကြိုက်လှပါချည်ရဲ့ဆိုတဲ့မိန်းကလေးတွေကြောင့် Gray ဆိုပြီးတောင်ခေါ်ဝေါ်ကြသေးတာ။ ဘယ်ရှုထောင့်ကကြည့်ကြည့် အချိုးမပြေဘူး။

"Taehyung"

"ဘာလဲ"

"Jeon Jungkook ဆယ့်ရှစ်ပြည့်လို့ မျိုးရိုးဗီဇစစ်ရင်ဘာထင်လဲ၊ Alpha တောင်ရိုးရိုးဟုတ်ပါ့မလား၊ အခုတောင်ထွားကြိုင်းနေတာကိုကြည့်"

ဘေးမှာကပ်ထွက်လာတဲ့ ဒုံဂန်ကိုမျက်စောင်းထိုးကြည့်လိုက်တော့ မျက်နှာချိုသွေးချင်သေး၏။ ဒုံဂျယ်နဲ့ ဒုံဂန်က အမွှာညီအစ်ကိုဖြစ်ပြီး ဒုံဂျယ်က တစ်မိနစ်စွန်းစွန်းကြီးသည်။

Honey's Random Collection Where stories live. Discover now