လီယိုနှင့် ဆုံပြီးပြန်လာပြီးနောက် Jungkook အိမ်မှ မိမိအဝတ်စားများအား သိမ်းဆည်းထုတ်ပိုးရသည်။Jungkook ဘက်မှ တစ်ခွန်းမမေး။ ကျွန်တော့်၏ဆုံးဖြတ်ချက်တိုင်းကို လေးစားသည့်အလား။
"ငါ မိုအွန်းနဲ့ ပြန်နေအုံးမယ်"
"အင်း လိုက်ပို့ပေးမယ်"
"ရတယ် သူ့ကိုဖုန်းဆက်လိုက်မယ်"
ထိုအခါ Jungkook သည် ခေါင်းငြိမ့်ရုံသာငြိမ့်ပြသည်။ Jungkook ခံစားချက်ကို ရိပ်မိလျှင်တောင် ယခုကိုယ်ချင်းစာပေးနိုင်သည့် အနေအထားမဟုတ်သေးသဖြင့်။ ကျွန်တော့်အတွက် ကျွန်တော်တွေးဖို့အချိန်လိုသည်။ အထူးသဖြင့် လီယို့ကိုပေါ့။
"ငါ့ကိုဖုန်းတော့ဆက်ပေး"
တံခါးဝကိုရောက်ချိန် Jungkook ဆီမှ ကြားရသည့် စကားအား သေသေချာချာအဓိပ္ပာယ်သိပါသည်။ အကယ်၍ ကျွန်တော်များ လီယိုနဲ့ ပြန်လိုက်သွားခဲ့လျှင်တောင် သူ့ကိုဖုန်းဆက်ပြီးဖြစ်ဖြစ် အသိပေးဖို့ပင်။
"အင်း"
Taehyung ၏ ထွက်ခွာသွားသောကျောပြင်အားငေးကြည့်နေရင်းနှင့် ကျွန်တော့်ဆီမှ တစ်ခုခုအားဆုံးရှုံးသွားရသည်နှယ်။ ဒီခံစားချက်သည် Taehyung ပြန်သွားတိုင်း ကျွန်တော်ခံစားရနေကျပင်ဖြစ်သည်။
တံခါးကိုမှီလျက် အသာအယာထိုင်ချလိုက်သည်။ Taehyung ဘာလုပ်လုပ် ကျွန်တော်ခွင့်ပြုနိုင်သည်၊ လက်ခံနိုင်သည်။ အမြဲတမ်းနားလည်သည်။ မင်းအဲ့ဒါကို ခံစားမိခဲ့တယ်ဆိုလျှင်ပဲ ငါလုံလောက်ပြီ။
"Taehyung "
မိုအွန်းအိမ်သို့ လီယိုလိုက်ပို့သဖြင့် မိုအွန်းသည် အံ့အားသင့်ကြည့်နေကာ ထိုင်မလိုထမလိုဖြစ်နေလေသည်။
"လီယို အိမ်ထဲဝင်လေ"
Taehyung သည် ဘာစကားမျှမဆိုဘဲ အိတ်ဆွဲကိုင်လျက် အခန်းထဲသို့ဝင်သွားသဖြင့် လီယိုနှင့်သာ စကားပြောကျန်ခဲ့ကြသည်။
"သူအဲ့မှာနေတာကြာပြီလား"
"အ..သိပ်မကြာသေးဘူး စစရောက်ချင်း ဒီမှာပဲနေတာ"
"ဘယ်တုန်းတည်းကလဲ၊ ငါ့ကိုတစ်ခါမှပြောမပြဖူးတာကို မကြိုက်ဘူး သူဘာလုပ်လုပ်ငါ့ကိုအကုန်ပြောပြနေကျပဲ၊ အရင်တစ်ခေါက်နဲ့မတူတော့ဘူး မိုအွန်း ကူညီပေးပါအုံး"