Finale

4.9K 418 54
                                    

Soundtrack : [ BIRDS OF A FEATHER ]

အညိုရောင်ထူထူပိတ်ပိတ် ကုတ်အရှည်အား အကျအနဝတ်ဆင်ထားလျက် Pheromones အနံ့ထိန်းခြင်းအတွက် ဂလင်းတိပ်ဖြင့် အကျအနဖိပိတ်ကပ်လိုက်ပြီးတာနှင့် ထပ်မံအနံ့ဖုံးစေမည့် ရေမွှေးခပ်သင်းသင်း ကို ကုတ်ပိုးနားသို့ ပိုပိုသာသာဖျန်းလိုက်သည်

Vell တွင် စတင်အလုပ်လုပ်ရသည့်ရက်မှစ၍ နေ့စဉ်ဘဝဖြတ်သန်းမှုများမှာဖြင့် ရှည်လျားလွန်းသည်ဟုထင်ရပြီး Jungkook ၏ မျက်နှာမြင်လိုက်ချိန်တိုင်း သက်သောင့်သက်သာမခံစားရခဲ့ပေ။

အတတ်နိုင်ဆုံးဖြစ်အောင်တော့ အားယူပြီး စကားပြောဖို့အတွက်ရာ ရည်ရွယ်ခဲ့ရပေါင်းများ၍ တစ်ပတ်အတွင်းမှာ ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါရှိသလဲပင်မသိတော့ချေ။

"Gray မင်းဖို့ Taehyung အဝတ်ရွေးထားတယ်တဲ့"

"ဒါပဲဝတ်လိုက်မယ်"

အစ်ကိုဟျန်းဆူ၏အပြောအား ထိုအတိုင်းပင်ငြင်းဆန်လိုက်ရုံမကဘဲ ကျွန်တော့်ဘက်သို့အနည်းငယ်မျှတောင် တိမ်းစောင်းကြည့်ခြင်းအတိမရှိနေပေ။

အဲ့သည်လိုမျိုး အပြုအမူနှင့် တစ်ပတ်လုံးလုံးတွင် ကျွန်တော်ပြင်ပေးသော အဝတ်အစားများအား သူတစ်ခါမှတောင်မဝတ်သေးသည့် အခြေအနေကိုကြုံတွေ့နေရတာဖြစ်သည်။

ဒါလောက်များတောင် မုန်းနေခဲ့သလား၊ ကျွန်တော်မထင်ထားတာမျိုး မဟုတ်ရပေမဲ့လည်း တကယ်တမ်းဆုံရကြုံရတဲ့အခါတွင်တော့ ဘာကမှန်းမသိဘဲနဲ့ကို ခက်ခက်ခဲခဲဖြစ်နေရပြန်ပါရော့။

တောင်းပန်စကားလေးတစ်ခွန်းတော့ ငါ့ကို ပြောခွင့်ပေးစေချင်တယ် Jungkook ။ မင်းဘယ်လောက်ထိများ ခက်ခဲခဲ့သလဲ ငါမခန့်မှန်းနိုင်ပေမဲ့လည်းလေ ငါ့အပြစ်လုံးဝမကင်းကြောင်းတော့ ဝန်ခံချင်သေးသည်။

မင်းသိအောင်ပြောပြချင်သေးသည်။
ဒီလိုမှမဟုတ်လျှင် ကျွန်တော်လည်း ရှေ့ဆက်ရမည့်နေ့ရက်တိုင်းတွင် မွန်းကြပ်နေရလိမ့်အုံးမည်။

Gator Z ရဲ့ fan meeting ပြုလုပ်ရမည့်နေ့တွင်။

အစ်မယွန်းဆယ်သည် sponsor ပေးထားသော အဝတ်အထည်ပုံးကြီးအား ကျွန်တော့်ဆီသို့ ထိုးထည့်ပေးလာပြီးအပြင် အသေအချာပြင်ဆင်ပေးလိုက်ရန် အထပ်အထပ်မှာကြားခဲ့သောကြောင့် ချက်ချင်းပင်မျက်လုံးထဲပေါ်လာသူသည် Jungkook သာဖြစ်သည်။

Honey's Random Collection Where stories live. Discover now