Unicode"အမလေးဟယ် ကြီးကြီးကျယ်ကျယ်စကားတွေပြောမနေကြပါနဲ့ ငါ့မြေးက လှေကားသုံးထစ်ဆင်းရင် လူပျိုပြန်ဖစ်တယ်"
"အမေ!"
"အဖွား!"
ဒေါ်ရို့စ်ရှန်စံအိမ်တွင်ဖြစ်သည်။ မနေ့ညကကိစ္စနဲ့ ပတ်သက်ပြီး ရာဇာတို့မိသားစုနှင့် ဘန်တို့မိသားစုဆွေးနွေးနေ၏။ဘန်လေးကတော့ ဘာမှမပြောဘဲငိုနေတာကြောင့် ဒေါ်ရို့စ်ရှန်က စိတ်မရှည်စွာ စကားဖြတ်ပြောခြင်း။ ဆံပင်အဖြူရောင် ခန္ဓာကိုယ်ခပ်သေးသေးအရွယ် ဒေါ်ရိုစ့်ရှန်က အသက်သာကြီးသွားပေမဲ့ မာနကမလျော့ပေ။
"အဖွားဘယ်လိုဖစ်နေတာလဲ"
ရာဇာက အဖွားဖြစ်သူကိုဟန့်တားလိုက်တော့ ဒေါ်ရို့စ်ရှန်ကမာနကြီးသော မျက်နှာအနေထားဖြင့်
"ဘာမှ၀င်မပြောနဲ့မြေး ဒါငါ့မြေးလေးရဲ့တတ်လမ်းကိုလာပိတ်တဲ့အမှိုက်တွေ ဖွားကမြေးလေးတွက်ဖွားကိုယ်တိုင်ရှင်းထုတ်ပေးမယ်"
"မဟုတ်ဘူး ဒါသားကိုယ်တိုင် ဘန့်ပေါ်ကိုကျုးလွန်တာ ဘာအမှိုက်မှမဟုတ်ဘူး"
"ဩဆက်ရက်ရာဇာ!"
"တော်...တော်ကြပါတော့"
မြေးဖွားနှစ်ယောက် စကားများနေတဲ့ကြားကို ခန့်စစ်က စကား၀င်ပြောပြီး
"ဥက္ကကြီး(ဒေါ်ရို့စ်ရှန်)ပြောတာမှန်ပါတယ် သခင်လေးက လှေကားဆင်းစရာတောင်မလိုပါဘူးဗျာ ဒီကိစ္စကိုလဲ ကျွန်တော်တို့ သိုသိုသိပ်သိပ်နေပေးပါ့မယ် သားဘန် ပြန်ကြမယ်"
"မလိုဘူး! ပြန်စရာကိုမလိုဘူး ဘန်ဘန် ကိုကို့နားကနေ ဘယ်ကိုမှထွက်မသွားရဘူး"
"ရာဇာ!"
ဒီတစ်ခါ ရာဇာ့နာမည်ကိုခေါ်လိုက်တဲ့လူကတော့ ရာဇာ့ရဲ့အဖေ
ဦးဧကဩဆက်ပင်ဖြစ်သည်။ခွပ်! ခွပ်! ခွပ်
ဦးဧကဩဆက် စိတ်မရှည်စွာ သားဖြစ်သူမျက်နှာကိုလက်သီးအဆင့်ဆင့်ထိုးလာတော့ ရတုစောလေကမနေနိုင်စွာ ယောက်ျားဖြစ်သူကို အတင်းဆွဲရပြန်၏။
"မောင်...တော်ပြီ သားကိုမလုပ်ပါနဲ့မောင်ရယ်"
"မောင်တို့ချစ်လွန်းလို့အလိုလိုက်ခဲ့သမျှ ဒီကောင်ပြတ်စီးနေတာ မိန်းမိန်း
ဒီကောင့်ကို မောင်သတ်ပစ်မယ် လူမဆန်တဲ့ကောင်!"