6

10.1K 407 28
                                    


Unicode

မှောင်မဲနေတဲ့အခန်းထဲ အသံတစ်ချို့ကြားရတာကြောင့် ဘန်အိပ်မရတော့ဘဲ မျက်လုံးကိုအားစိုက်ကာ ဖွင့်လိုက်သည်။ နာရီကိုကြည့်လိုက်တော့ အချိန်က မနက်၃နာရီတောင်ဖစ်နေ၏။ ကိုကိုကအလုပ်နဲ့ခရီးသွားတာ ပြန်မလာသေးတာလဲ ၁ပတ်လောက်ဖြစ်နေ၏။ ထိုဆူဆူညံညံအသံများကြောင့် ဘန် အိပ်ယာပေါ်မှပြေးဆင်းကာ အခန်းပြင်သို့ထွက်လာသည်။

"သခင်လေးဘာထလုပ်တာလဲ"

အပေါ်ထက်မှ အပြေးလွှားဆင်းလာတဲ့ဘန်ကို အိမ်တော်ထိန်းကြီးက တားလိုက်လျှင်

"ကိုကိုရောဟင် ကိုကိုပြန်ရောက်ပြီလား"

"သခင်ကြီးပြန်ရောက်ပါပြီ ခရီးမှာ အလစ်၀င်တိုက်ခံရလို့ ဒဏ်ရာနဲနဲရ... သခင်လေး ဘယ်သွားမို့လဲ ခနစောင့်ပါအုံး"

အိမ်တော်ထိန်းကြီးစကားကို ဘန်ဆက်နားမထောင်တော့ဘဲ ဧည့်ခန်းထဲကိုအမြန်ပြေး၀င်လာသည်။ ခေါင်းမှာပတ်တီးစည်းထားပြီး သူ့သူငယ်ချင်းတွေနဲ့စကားပြောနေတဲ့ ကိုကို့ကိုမြင်တော့ ဘန်ဆက်မသွားဘဲ ချောင်းတချက်ဟန့်ပြလိုက်၏။

"အဟန်း... ကိုကို"

ကလေးငယ်အသံကြားတာကြောင့် ရာဇာ ကလေးကိုကြည့်လိုက်တော့မျက်ရည်များနှင့်၊ ကျစ်! ငိုနေပြန်ပြ‌န်ပြီလားကွာ... ရာဇာက သူ့လက်နှစ်ဖက်ကို ဆန့်ကားလိုက်တော့ ဘန်လေးလဲ ရာဇာ့ရင်ခွင်ထဲအမြန်ပြေး၀င်လိုက်သည်။

"ကိုကိုး ဟင့်!"

"ဗျာ သဲ"

"သူများကို ဟင့်... အကြာကြီးပစ်ထားပြီး ပြန်လာတော့လဲ ဟင့်... ဒဏ်ရာကြီးနဲ့ ဟင့် အူဝါးးး "

"ဟော ကိုကိုဘာမှမဖစ်ပါဘူးသဲငယ်လေးရာ မော့ပါအုံးမျက်နှာလေး ကိုကိုနမ်းချင်လို့"

ကလေးငယ်ရဲ့မေးစေ့လေးကို ကိုင်လိုက်ပြီး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို အသံမြည်တဲ့ထိနမ်းလိုက်၏။

ရွှတ် ရွှတ်!

"အား... မွှေးနေတာဘဲကွာ"

"အဟမ်း ငါတို့ရှိတာလဲ သတိထားအုံး နွားရေ"

အသံလာရာ ကြည့်မိတော့ ဖြိုးဦးနဲ့လမင်းသာတို့ဖြစ်နေသည်။ ရာဇာ့ရဲ့ သူငယ်ချင်းတွေဖြစ်သလို အလုပ်လဲသုံးယောက်တူတူတွဲလုပ်တာကြောင့် ရာဇာတို့သုံးယောက်က အမြဲအနေနီးသည်ဟုပြောရမည်။

Ban Mine Omega(Season2)(Completed)Where stories live. Discover now