Unicode
"ဒါဆို ဒီကလေးမက..."
"ဟုတ်ပါတယ် ကျွန်မက ရှင်တို့နာမည်ပေးထားတဲ့ဂျူစီဘန်ရဲ့အမအရင်းတေးသံချိုပါ"
ပြတ်သားစွာပြောလာတဲ့မိန်းကလေးဖြစ်သူကြောင့် ဘေးကလူကြီးများက တအံ့တဩဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။ ခြေချိတ်ထားနေတဲ့သူမက ကော်ဖီတငုံသောက်လိုပြီး
"ဆိုတော့... ကျွန်မမောင်လေးကိုပြန်လာခေါ်တာ"
"ခေါ်ချင်တိုင်းခေါ်လို့မရဘူးသမီး အခုဘန်လေးက အန်ကန်တို့သားရဲ့တရား၀င်လင်ယောက်ျားဖစ်နေပြီ"
စကားကြားဖျက်ပြောတဲ့လူက ရာဇာရဲ့အဖေဖစ်သူဦးဧကဩဆက်ဖြစ်သည်။
"ကျွန်မအဲ့တာတွေဂရုမစိုက်ဘူးဆိုရင်ရော?"
"ဂရုစိုက်တာမစိုက်တာ အဲ့ဘက်ကလေ "
ထို့နောက်အဝေးတစ်နေရာမှ ကျယ်လောင်သောအသံဖြင့်ရောက်လာတဲ့ရာဇာက ခြေလှမ်းကြဲကြီးများဖြင့် ထိုမိန်းမရှေ့ကိုလျှောက်လာလျှင်
"မောင်လေး"
ရာဇာ့နောက်မှပါလာတဲ့ အဖြူကောင်သေးသေးလို့ကိုတေးသံချို မျှော်လင့်ချက်တကြီးခေါ်မိလိုက်၏။ ခေါ်ခံလိုက်ရတဲ့ဘန်ကတော့ ကြောင်တောင်တောင်လေးဖြစ်နေသည်။
"မောင်လေး... မောင်..."
"ဖယ်စမ်း ကျုပ်ယောက်ျားကိုမထိနဲ့"
မောင်လေးရဲ့လက်လေးတွေကိုကိုင်မယ်လုပ်တော့ တွန်းထုတ်ခံလိုက်ရတဲ့အားကြောင့် တေးသံချိုလဲကြသွားသည်။
"ရာဇာ! မင်းဘယ်လိုလုပ်လိုက်တာလဲ ဒါ ဂျူစီဘန့်အမကွ!"
"ကျုပ်ဂရုမစိုက်ဘူးဖေဖေ ဘန့်ကို ကျူပ်နားက ဘယ်သူ့မှခေါ်သွားလို့မရဘူး"
"စိတ်လျော့ပါကိုကိုရယ်"
"မောင်လေး မမမောင်လေး"
တေးသံချိုက မျက်ရည်များကြက ဘန့်ကိုပြေးဖက်လျှင် ရာဇာထပ်၍တွန်းထုတ်မယ်လုပ်တော့ ဦးဧကဩဆက်ကတားလိုက်၏။
"မောင်လေးရယ်... မမငယ်လေး မမနှစ်တွေအကြာကြီးလိုက်ရှာခဲ့ရတာ"