Unicode🚨waring ပေးတာမို့မကြိုက်ရင်ကျော်ဖတ်လို့ရပါတယ်ရှင်🚨
"သဲ ဒါလေးကလိုက်တယ်"
"မဟုတ်ဘူး ဒါလေး"
"ဒါလေးကလဲ သဲနဲ့လှပြန်ရော"
"ဒါဆိုရင်..."
"ကဲတော်ပါပြီ ကိုကိုရယ်"
တစ်ဆိုင်လုံးကိုမဂ်လာအကျီပတ်ရွေးနေတဲ့ ရာဇာကြောင့် ဘန်စိတ်ညစ်နေမိသည်။ ဘန်က အသားဖြူသူမို့ အရောင်တောက်တောက်ကြီးတွေနဲ့မလိုက်ဘူးဆိုပြီး ပတ်ရွေးနေခြင်း။ သူ့စိတ်ကြိုက်မဟုတ်လျှင် ကိုကိုက ဆိုင်ထဲက ၀န်ထမ်းမလေးတွေကိုအော်သေးပြန်သည်။
"ကျစ်! ဒီဆိုင်ကိုတဆစီလုပ်မှရတော့မယ်"
"မ...မလုပ်ပါနဲ့ CEOရယ် တခြားအရောင်လေးတွေရှိပါသေးတယ်"
ကိုကို့စကားကြောင့် ဆိုင်ရဲ့မန်နေဂျာမှ ပြာပြာသလဲလဲ တားကာ အကျီအပုံလိုက်ကြီးချပြေးပြန်သည်။ နောက်ဆုံးမှာတော့ ဘန်နဲ့လိုက်မဲ့အကျီလေးရှာတွေ့သွားသည်ထင်၏။ ကိုကို့မျက်နှာက ပြုံးလို့
"တွေ့ပြီ... သဲရော့ ဒါလေး၀တ်ကြည့်"
"ဟုတ်ကိုကို"
"ကျန်တဲ့၀န်ထမ်းတွေဘာလုပ်နေတာလဲ ငါ့သဲလေးအကျီ၀တ်တာ သွားလုပ်ပေးလေ တောက်စ်!"
"ကဲပါ ကိုကိုရယ် ဘန်ကိုယ့်ဘာသာ ၀တ်တတ်ပါတယ် ကိုကိုအော်နေလို့ ဟိုအမတွေမျက်နှာက ဇီးရွက်လောက်ဘဲရှိတော့တယ် နဲနဲပါးပါး စာနာစိတ်လေးရှိပါအုံး ဟွန်း"
ဆူဆူအောင့်အောင့်လေးပြောကာထွက်သွားတာ အချစ်လေးကြောင့် ရာဇာ ပြုံးမိသည်။ အဟွန်း! စွာထား ညကျသေအောင်ဖြုတ်ပြမယ်!
နာရီတကြည့်ကြည့်ဖြင့် ရာဇာက ဘန့်ကိုစောင့်နေမိသည်။ အ၀တ်လဲခန်းကထွက်မလာသေးတာကြောင့် အခန်းထဲထိလိုက်သွားချင်ပေမဲ့ ၀န်ထမ်းကောင်မလေးတွေပါသွားတာမို့ လိုက်မသွားခဲ့။
"ကျစ်! ကြာတာကွာ"
"ကိုကို..."
"ဗျာ... သဲဘာလို့ကြာနေ... ဟင်"
ဟူဒီအဖြူလေးကို၀တ်ပြီးသူ့ရှေ့ကို သတ္တိရှိစွာထွက်လာတဲ့ကြောင်ဖြူလေးက အောက်ပိုင်းတွင်ပေါင်သားဖွေးဖွေးလေးနှင့် ခြေသလုံးသွယ်သွယ်လေးကို ဖော်ပြထားသည်။