အပိုင်း ၇ arc 1 Unicode

287 59 2
                                    

အပိုင်း(၇)
pnpso.

"မင်းတို့ကြားပြီးကြပြီလား! မနေ့ညက F အဆင့်တစ်ယောက် တစ်ခုခုဖြစ်သွားတယ်တဲ့။"

မနက်ခုနှစ်နာရီတွင် သူနာပြုများ အဆောင်ခန်းတံခါးများကိုဖွင့်ပြီးပြီးချင်း လေ့ကျင့်ရေးသမားများအားလုံးအိပ်ရာမှ အလျင်အမြန်ထကုန်ကြသည်။ အလျင်စလိုရေချိုးပြီးနောက်ထမင်းစားခန်းထဲတွင် စုဝေးကာ မနေ့ညကအဖြစ်အပျက် များအား အုတ်အုတ်ကျက်ကျက်ပြောကြ တော့သည်။ကျုံးကျို ရှန့်ယွိအား အခန်းဆီသို့ ပြန်ခေါ်လာပြီးနောက် စာဖတ်ခန်းဆီသွားကာ မက်ဆိုင်ယာအား မျက်မှန်နှင့်ပျောက်နေသည့်လူအကြောင်းပြောပြခဲ့လိုက်သည်။

လူဟောင်းများသည် အချင်းချင်းအကြည့်ချင်း ဖလှယ်လိုက်ကြပြီး လက်ထဲရှိအချက်အလက်စုဆောင်းမှုကို တညီတညွတ်တည်း ချကာ မြေညီထပ်နှင့်မြေအောက်ပထမထပ်တစ်ခုလုံးကို ရှာဖွေကြတော့သည်။

ဦးဆုံးသေဆုံးမှုသည် အများအားဖြင့်အချက်အလက်များစွာကို​လေ့ကျင့်​ရေးသမားများအတွက်ယူဆောင်လာတတ်သည်။ အလောင်းကို ရှာတွေ့နိုင်လျှင်ကြောက်စရာကောင်းသည့် အဖြစ်အပျက်များ၏ရင်းမြစ်ကိုပင် ခန့်မှန်းလို့ရနိုင်သည်။ရှင်ကျန်ရစ်သူများသည် အနည်းဆုံး အခြေခံ မှုခင်းဆေးပညာဆိုင်ရာ ဗဟုသုတမရှိဘဲနှင့် အနန္တစက်ဝန်း အတွင်း မရှင်သန်နိုင်ပေ။

ထူးဆန်းစွာပင် ဆယ်နာရီမှသူနာပြုများ အခန်းစစ်ဆေးမည့် ည၁၁နာရီ ရောက်ချိန်ထိ အထပ်နှစ်ထပ်ကို လှန်လှောရှာဖွေသော်ငြား အချည်းနှီးဖြစ်ပြီး အသုံးကျသည့် သဲလွန်စတစ်ခုမှမရခဲ့​​ချေ။

သို့သော်ငြား နောက်ဆုံးအခိုက်အတန့်တွင်မှ မြေအောက်ထပ်ရှိ သန့်စင်ခန်း၏ ညစ်ပတ်နေသောဘေစင်ထဲတွင် မျက်မှန်နှင့်လူ၏ အလောင်းကို ရှာတွေ့ခဲ့လေ​တော့သည်။

‘အလောင်း” ဆိုသည့်စကားလုံးသည် သိပ်ပြီးတော့ မလျော်ကန်လှပေ။

အကြောင်းမူကား သူတို့ ဘေစင်ထဲတွင်ရှာတွေ့ခဲ့သည်က လူဦးခေါင်းကိုတပ်ထား​သောကြမ်းတိုက်တံဖြစ်ပြီး ဦးနှောက်ခြင်ဆီထဲသို့ သစ်သားချောင်းထိုးစိုက်ထားခြင်းသက်သက်သာဖြစ်သည်။

Thriller Trainee ကျင်းစုန်လျန့်ရှီရှန်း || ဘာသာပြန် Where stories live. Discover now