အပိုင်း၂၃ Las Vegas Arc [ Zawgyi ]

98 11 0
                                    

အပိုင်း(၂၃)
ကဒ်​တွေကို​ဝေ​တော့​။

ယေဘုယျအားဖြင့်တော့လေ့ကျင့်ရေးသမားအိပ်ဆောင်များတွင်ဘာမှသိပ်ထူးထူးခြားခြားဖြစ်ခြင်းမရှိပေ။

လေ့ကျင့်ရေးသမားများသည်နောက်ပွဲစဉ်အသစ် မစခင်ထိစိတ်တိုင်းကျအချိန်ဖြုန်းခွင့်ရှိမည်ဖြစ်ပြီး၎င်းပွဲစဉ်အသစ်ကိုထိုစမည့်နေ့မနက်၇နာရီ တွင်စနစ်မှ ကြေငြာမည်ဖြစ်၏။

သူတို့အသက်များကတခြားဖြစ်တည်မှု၏အသနားခံမှုအပေါ်မတွက်ချက်လျှင်လေ့ကျင့်ရေးသမားများရရှိသောဆက်ဆံမှုသည်အတော်လေးကောင်းမွန်၏။တစ်ယောက်ချင်းစီကိုတာဝန်ခွဲပေးသောအဆောင်များမှလွဲ၍ဒီအဆောက်အဦးရှိအသုံးအဆောင်များသည်ပြည့်စုံသည်ထက်ပင်ပို၏။

တတိယထပ်ရှိတိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယိုသည်လောလောဆယ်အသုံးမပြုနိုင်သော်ငြား ဒုတိယထပ်ရှိထမင်းစားခန်းမတွင်တော့လူတစ်ယောက်စိတ်ကူးနိုင်သမျှဟင်းလျာများပါဝင်သည့် ခမ်းနားလှသောစားသောက်ပွဲကြီးရှိနေသည်။

မြေညီထပ်ရှိပင်မခန်းမသည် အသေးစားမြို့ပုံစံအတိုင်းပင်။၎င်း၏မြင့်မားလှသောအမိုးခုံးကို နေ့ညကူးပြောင်းနေသည့်ကောင်းကင်မျက်နှာကြက် နှင့်အစားထိုးထား၏။ကမ္ဘာအစစ်နှင့်ဆင်သည့် သဘာဝရှုခင်းရှိရုံသာမကမြို့တော်တစ်ခု၏ အခြေခံအဆောက်အအုံများ ဖြစ်သည့် ဘု​ရား​ကျောင်းများ၊ကေတီဗွီများ၊အပန်းဖြေစင်တာများ၊ ကစားကွင်းများ၊စူပါမားကတ်များစသဖြင့်ရှိသည်။ထို့အပြင်အလကားသုံးစွဲခွင့်ရှိ၍လူများ နေရာတိုင်းတွင်​ပျော်ရွှင်စွာသွားလာလှုပ်ရှားနေသည်ကိုမြင်နိုင်၏။

ညပွဲခန်းမကိုနှစ်ဆယ့်လေးနာရီခုနှစ်ရက်ဖွင့်ထား​ပေးပြီး tuxedoဝတ်ဆင်ထားသည့်စားပွဲထိုးများကလူအုပ်ကြားထဲဝိုင်ခွက်များတည်ခင်းပေးနေသည်။လုံးဝကိုမူးရူးနေကြပြီးလေ့ကျင့်ရေးသမားများသည်ရီဝေဝေအကျင့်ပျက်ပြားသော အိပ်မက်ထဲတွင်နေထိုင်နေကြ၏။

ညသန်းခေါင်တွင်ကတိပေးထားသောလက်စ်ဗီးဂတ်စ်ကာစီနိုကိုအချိန်မှန် ဖွင့်ပေးလာ၏။

Thriller Trainee ကျင်းစုန်လျန့်ရှီရှန်း || ဘာသာပြန် Where stories live. Discover now