အပိုင်း၈။ Arc 1 Zawgyi

121 17 0
                                    

အပိုင်း၈။ ရူးသွပ်​နေခြင်းမဟုတ်ကြောင်းသက်သေပြရန်။

သူနာပြုခေါင်းဆောင်၏မှတ်ချက်များကြောင့်ထမင်းစားခန်းထဲရှိအငွေ့အသက်သည် ပို၍ပြင်းထန်လေးလံလာ၏။

ကျင်းစုန်လေ့ကျင့်ရေးသမားအိပ်ဆောင်အဖြစ်နှင့် မနေ့ညကကြောက်မက်ဖွယ်မြင်ကွင်းကို မြင်လိုက်ပြီးနောက် လူသစ် တစ်ယောက်သည် သိသိသာသာကို စိတ်ပိုင်းဆိုင်ရာလဲပြိုခါနီးပင်။

သူနာပြုကယနေ့အတွက် အချိန်ဇယားကြေငြာချိန် ရုတ်တရက် တစ်ရှိန်ထိုးပြေးလာပြီး သူတို့ကို ထအော်လာသည်။

"မနေ့ညက လူသေသွားတာနော်!! မင်းတို့ ဆေးဝန်ထမ်း​တွေအနေနဲ့ ​သောက်ကျိုးနည်းအသိစိတ်ရော ရှိကြရဲ့လား!"

သူ့မျက်ဝန်းများသည် မဖုံးကွယ်ထားသော ဒေါသများနှင့်ပြည့်နေသည်။

"ငါ့မှာ စိတ်ရောဂါရှိတာကျနေတာပဲ၊ ကြည့်ရတာတော့မင်းတို့ကမှရူးပြီး ဦးနှောက်ချောင်နေတဲ့လူတွေလို့ ထင်တာပဲ!"

"အို? ဒါကဆေးရုံလေ၊မွေးဖွားလာရင်အိုမင်း၊ဖျားနာ၊သေဆုံးရမှာက တို့​တွေအတွက်​တော့သာမှန်ကိစ္စပဲ။ "

သူနာပြုခေါင်းဆောင်၏ ဖြူဖျော့နေသောမျက်နှာတွင် လှောင်ပြုံးတစ်ခုပေါ်လာသည်။

"မင်းငါ့ကိုပြောပြပါလား၊ မင်းစိတ်ရောဂါဖြစ်မနေဘူးဆိုတာ ဘယ်လိုသက်သေပြနိုင်လဲဆိုတာ"

စိတ်ရောဂါဆိုသည် ကြောက်မက်ဖွယ် ပြတ်ပြတ်သားသားမရှိသည့် အပိုင်းအခြားဖြစ်သည်။

သေဒဏ်မှမလွတ်မြောက်နိုင်သောလူများသည်ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရရန် ထိုအရာအပေါ်မှီခိုနိုင်သော်ငြားအပြစ်ကင်းသည့်လူများကတော့ ၎င်းကြောင့် သံတိုင်များနောက်ကို ပို့ခံရနိုင်သည်။

အကြောင်းရင်းမလိုအပ်ပေ။

စိတ်ရောဂါ ဖြစ်နေသည်’ဟု သတ်မှတ်လိုက်ခြင်းကပင်လုံလောက်နေပြီးသားဖြစ်သည်။
စိတ်ရောဂါဖြစ်မနေကြောင်း သက်သေပြရန် နည်းလမ်းအတွက်ကတော့......။

စိတ်ဝေဒနာသည်များသည် သူတို့စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေကြောင်းကိုယ့်ဘာသာဝန်ခံမည်မဟုတ်ပေ။သက်သေပြရန် နည်းလမ်းမရှိပေ။

Thriller Trainee ကျင်းစုန်လျန့်ရှီရှန်း || ဘာသာပြန် Where stories live. Discover now