အပိုင်း ၂၀ ဒုတိယအကြိမ်အကဲဖြတ်မှု

332 62 16
                                    

အပိုင်း(၂၀)
ဒုတိယအကြိမ်အကဲဖြတ်မှု။

ယိုယွင်းနေသောစိတ္တဇဆေးရုံ၏ခပ်ဆွေးဆွေးအပြင်အဆင်သည်ပျောက်ကွယ်သွားကာ အဆုံးအစမဲ့ ဖြူဖွေးမှုသာကျုံးကျိုကို ဝိုင်းထား၏။

[ အခွင့်အရေးတာဝန် လုပ်ဆောင်ဆဲ ]

စာရွက်ဖြူတစ်ပိုင်းနှင့် ဖောင်တိန်အမည်းရောင်သည် ကောင်းကင်ကြီးမှတဖြည်းဖြည်း မျောလွင့်လာကာဆံပင်အဖြူလူငယ်​လေးရှေ့တွင် ဆင်းသက်သွားချေသည်။

ကျုံးကျို စာရွက်ကိုယူကာဖောင်တိန်အဖုံးကိုဖွင့်ပြီး တက်ကြွသွက်လက်သည့် အကော့အညွှန့် အဝေ့အဝိုက် လက်ရေးလှနှင့်အတူ မက်ဆိုင်ယာ၊ ရှန့်ယွိ၏ နာမည်များ ချရေးလိုက်သည်။

မည်သို့ပင်ဖြစ်​စေသူရှန့်ယွိကိုတော့ သေချာသည်။ မက်ဆိုင်ယာသည်ပြီးပြည့်စုံစွာ ဟန်ဆောင်ကောင်းခဲ့၍သက်သေမှာ စီးပိုးလျှင်တောင် ကျိုးကျိုတစ်ထစ်ချယုံကြည်ပြီး မပြောနိုင်ပေ။မည်သို့ပင်ဖြစ်ဖြစ် တစ်ယောက်ကတော့သေချာပေါက်မှန်လိမ့်မည်။ပင်မစနစ်၏အသံသည် ဗလာကျင်း အဖြူရောင်နယ်ပယ်ထဲ အပ်ခိုးထပ်လာ၏။

[ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ.. စနစ်မှ ခြေရာကောက်နေပါသည်။အဖြေကို တင်ပြီးကြောင်းပါ]

[ အဆုံးသတ်အကဲဖြတ်ပွဲက မကြာခင်အချိန်တွင်း စတင်ပါတော့မယ်၊ စက္ကန့် သုံးဆယ်အတွင်း မင်းကို ချက်ချင်း ပြောင်းရွှေ့မှာဖြစ်ပါတယ်၊ တည်နေရာ : ထုတ်လွှင့်မှုစတူဒီယို ]

စာရွက်ကကျုံးကျိုလက်ချောင်းများကြားမှ ရုန်းထွက်သွားပြီးနောက် ဖြည်းဖြည်းချင်း ရစ်ဝဲနေ ပြီး ကောက်ကာငင်ကာ မီးထလောင် တော့သည်။

ကျုံးကျိုခုနကတူအားဝှေ့ယမ်းရန် အလွန်အကျွံ အားသုံးမိ၍ခပ်ရေးရေး ကိုက်ခဲနေသည့် သူ့လက်များကို နှိပ်နယ်ရင်း ချင့်ချိန်စဉ်းစားနေမိသည်။

သူ S အဆင့် အသုံးအဆောင်အားရယူနိုင်ခဲ့ရုံသာမကအန္တရာယ်များသောစိန်ခေါ်မှုတစ်ခုကိုမှ အလွတ်မပေးခဲ့ချေ။ ကျူးကောအန်းကဲ့သို့ အကောင်ကြီး ကြီး၏ ပခုံးပေါ် မတ်တပ်ရပ်ကာ ပွဲစဉ်၏ အတွင်းနှင့်အပြင်များကို နှံ့နှံ့စပ်စပ်မြင် ခဲ့ရသည်။ ဒီအချက်အလက်များပေါ် အခြေခံကာ ယခုပွဲစဉ်တွင် သူ့အကဲဖြတ်မှုသည်သေချာပေါက် နိမ့်မည်မဟုတ်ပေ။တစ်ချက်တည်းနှင့်အဆင့်သုံးဆင့်လောက် ခုန်တက်သွားနိုင်သည်က ဖြစ်နိုင်သည့်နယ်ပယ်၏အပြင်ဘက်တွင်ရောက်မနေပါချေ။ဒါကိုတွေးမိတော့ ကျုံးကျိုသည် အိတ်ကပ်ထဲမှတစ်စုံတစ်ရာကိုထုတ်ယူရန်အချိန်ယူလိုက်သည်။ထိုအမည်းရောင်သံသေတ္တာသည် သူ့
လက်ထဲတွင်ရွှေရောင်ရွှေဝါတောက်ပနေ
ဆဲပင်။သူ သံသေတ္တာနက်အား ဖွင့်လိုက်ပြီး အထဲတွင်ထားထားသောအေးစက်စက်ရွှေရောင်ဖဲထုတ်တစ်ထုတ်အားညင်သာစွာ ပွတ်သပ်လိုက်သည်။

Thriller Trainee ကျင်းစုန်လျန့်ရှီရှန်း || ဘာသာပြန် Where stories live. Discover now