ဦးဆွေးဆံမြည့်-၄၀
'Phoenix Studioရဲ့ဥက္ကဋ္ဌနတ်စစ်သည်ကို အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက် အရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်....ကျွန်မကတော့ Star entertainmentက စီစဥ်တင်ဆက်သူ ဒေါ်မေသူကိုဖြစ်ပါတယ်..'
interviewerက စကားနိဒါန်းချီ၍ မိတ်ဆက်လျှင် သူ ခြေချိတ်ထိုင်၍ ခေါင်းညိတ်သည်။
'Love Affairရုပ်ရှင်က ဥက္ကဋ္ဌကိုယ်တိုင် producerအဖြစ် တာဝန်ယူထားတဲ့ရုပ်ရှင်လို့ သိရပါတယ်...social mediaမှာ ပေါ်ပြူလာဖြစ်နေတော့ ဒီရုပ်ရှင် ရုံတင်တဲ့အခါမှာ ပရိသတ်က သဘောကျနှစ်သက်မယ်လို့ထင်ပါသလား...'
'ထင်ပါတယ်...'
'ရုပ်ရှင် genreက ဘယ်လိုလဲ သိလို့ရမလားရှင့်...'
'ပရိသတ်အကြိုက် fantasy romanceပေါ့...'
'ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းကို ဥက္ကဋ္ဌကိုယ်တိုင်ရွေးတာလား..ဒါရိုက်တာရွေးတာလား...'
'ရှေ့မှာ ကိုယ့်ယောက်ဖရွေးထားတဲ့ဇာတ်ညွှန်းပါ... သူ သြစီကိုသွားတော့ ကိုယ်ပဲ လွှဲယူလိုက်တာ...'
သူက မေးသမျှကို လိုရင်းပဲဖြေသည်။ သူ့ဘေးမှာထိုင်နေသည့်ဆောင်းက သူ့ကိုတစ်လှည့်၊ အင်တာဗျူးသူကိုတစ်လှည့်ကြည့်၍ အပြုံးလေးနှင့်နားထောင်နေ၏။ မင်းသားနှင့်အတူမထိုင်ဘဲ သူ့ဘေးမှာ နီးကပ်နေသည့်အဖြစ်ကို တခြားမီဒီယာသမားများကလည်း သို့လောသို့လော ကြည့်နေကြသည်။
'ဥက္ကဋ္ဌကရော ဇာတ်လမ်းဇာတ်ညွှန်းနဲ့ပတ်သက်ပြီး အကြံပေးဖြစ်ခဲ့တာမျိုးရှိလား...'
'No...အဲဒါကိုယ်စိတ်မဝင်စားတဲ့အပိုင်းပဲ.. ကိုယ်က photographyနဲ့cinematographyအတွက်ပဲ အကြံပေးဖူးတယ်...'
'ဥက္ကဋ္ဌက နာမည်ကြီးဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့ဖူးတယ်ဆိုတော့ အခုရော ဓာတ်ပုံရိုက်ဖြစ်သေးလား..ဓာတ်ပုံပညာကိုလေ့လာဖြစ်သေးလား..'
'အင်း...တစ်ခါတလေပေါ့...''Studioမှာလည်း ရိုက်ဖြစ်တယ်ပေါ့နော်...'
'အဲဒါလည်း တစ်ခါတလေမှပါ..ဓာတ်ပုံကတော့ အိမ်မှာပဲ မိန်းမကိုရိုက်ပေးဖြစ်တာကများပါတယ်...'
ရုပ်ရှင်အကြောင်းလာဗျူးသူက သူ့ကိုပဲမေးနေပြီး မင်းသားနှင့်မင်းသမီး ငုတ်တုတ်ထိုင်နေတာကို မေ့နေသလားမသိ။ သူ စိတ်ကိုမနည်းဆွဲဆန့်၍ ဖြေနေရလျက်..
'Love Affairရုပ်ရှင်က ဘယ်တော့ရုံတင်ဖြစ်မလဲရှင့်...'
'သိပ်မလိုတော့ပါဘူး...'
'ဥက္ကဋ္ဌအနေနဲ့ ဒီရုပ်ရှင်ရိုက်ကူးရေးပိုင်းနဲ့ပတ်သက်ပြီး ကျေနပ်အားရမှုရှိရဲ့လားရှင့်..'
'အင်း...အားရပါတယ်.. Team workအားကောင်းပြီး castတွေကလည်း တော်ကြတယ်...'
'ဥက္ကဋ္ဌက အရမ်းစည်းကမ်းတင်းကျပ်ပြီး အားမနာတတ်ဘူးလို့ပြောကြတဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲရှင့်..'
'ဘယ်လိုမှမခံစားပါဘူး...သူတို့အမြင်နဲ့သူတို့ပေါ့...'
အပြုံးအရယ်မရှိ တုံးတိပဲဖြေနေသည့်သူ့ကို Interviewerအမျိုးသမီး နည်းနည်းဖြုံလာသည်။
'ဥက္ကဋ္ဌ လက်ထပ်ထားတာမကြာသေးဘူးလို့သိရတယ်..ဇနီးနဲ့အတူ တွဲသွားတွဲလာလုပ်တာမျိုး သိပ်မတွေ့ရဘူးနော်...'
'သူရောကိုယ်ရော အလုပ်များတယ်လေ... အိမ်မှာပဲ အချိန်ပေးဖြစ်ပါတယ်...'
'လက်ထပ်ပွဲကလည်း privateလုပ်ခဲ့တယ်လို့သိရတယ်နော်... ဘာကြောင့်များလဲရှင့်..'
Personal တွေပါ မေးလာပြီမို့ သူ စိတ်ရှုပ်နေတာကို မနည်းပြန်ဖြည်နေရလျက်..
'ကိုယ်တို့က ပွဲကြီးမကြိုက်ဘူး...လူရှုပ်တာမကြိုက်ဘူး...အဲဒါကြောင့်ပါ...'
'ဘယ်လိုဖူးစာဆုံခဲ့တာလဲရှင့်...'
'ဟမ်...ဒီတိုင်းပါပဲ...သူ့အဖေကြောင့် ဆုံမိရာကနေ ကိုယ်တို့အချင်းချင်း သဘောကျလို့လက်ထပ်ခဲ့တာပါ...'
'ဪ...အမျိုးသမီးကလည်း ဒီလောကထဲကပဲလားရှင့်...'
'No...သူက journalistပါ..'
'အမျိုးသမီးကရော ရုပ်ရှင်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုးရှိလား...'
'မရှိပါဘူး.. ရုံတင်မှပဲ ကိုယ်နဲ့အတူ ကြည့်ဖြစ်မယ့်သူပါ...'
'ဥက္ကဋ္ဌက လတ်တလောမှာ ရေပန်းစားနေတဲ့ လူငယ်ပရိုဂျူဆာဆိုတော့ social mediaသုံးစွဲသူတွေက စိတ်ဝင်စားမှုမြင့်တက်နေတယ်...ဥက္ကဋ္ဌရဲ့ရုပ်ရည်နဲ့ဆိုရင် မင်းသားလုပ်လို့ရတယ် အရမ်းစမတ်ကျတယ် အနေတည်တယ် စသဖြင့် မှတ်ချက်ပေးနေကြတော့ ကိုယ်တိုင် မင်းသားလုပ်ဖို့အစီအစဥ်ရှိလား...'
မဆီမဆိုင်မေးခွန်းတွေကြောင့် သူ့မျက်နှာ မသိမသာတင်းသွားသည်။
'အစီအစဥ် မရှိပါဘူး...'
'အမျိုးသမီးက မကြိုက်လို့လား...'
'No...ဝါသနာမပါတာပါ..'
'အို နှမြောစရာ...ကျွန်မကိုယ်တိုင် ဥက္ကဋ္ဌကို မင်းသားလုပ်စေချင်တာရှင့်...အရမ်းhandsomeဖြစ်တော့လေ...'
'ရုပ်ရှိတိုင်း သရုပ်ဆောင်မဖြစ်နိုင်ပါဘူး...'
'ဘာပဲဖြစ်ဖြစ် ပရိသတ်ကတော့ ဆန္ဒရှိနေကြတယ်နော်... ပြီးတော့ ကျွန်မလိုပဲ နှမြောနေကြမှာ... မင်းသားလုပ်မယ်ဆိုရင် မင်းသမီးဆောင်းညနဲ့ဆို အရမ်းchemistryမိနေမှာပဲလို့ မှတ်ချက်ပေးကြတာတွေလည်း တွေ့ရသေးတယ်...'
ထိုစကားကြောင့် ဆောင်း၏မျက်နှာလေး ရှက်ရိပ်လွှမ်းသွားကာ နားသယ်စပ်ဆံပင်လေးတွေကိုတစ်ချက်သပ်တင်၍ ခေါင်းငုံ့ပြုံး၏။
YOU ARE READING
The Legend Of The Phoenix:Born To Love You
Romanceဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်ဆုံတွေ့ဖို့ ရူးသွပ်မိခဲ့တယ်။ မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ငါ့ရဲ့ လစ်ဟာပျက်ကွက်မှုတွေကြောင့် ...