လခြမ်းပဲ့
အပိုင်း(၅)
#လခြမ်းပဲ့
05210914
"မမ တို့ အတွက် တစ်ခါတည်း ပြင်ပေးရမလား."
"နောက်ကျနေမှာ စိုးလို့ ယူပဲသွားတော့မယ်."
"ဟုတ်"
ဈေးက ပြန်ရောက်တာနဲ့ ဝယ်လာတဲ့ မုန့်ထုတ်တွေကို ချိုင့်ထဲ သေချာ ထည့်ပြီး လက်ဖက်ရည်ထုတ်တွေကိုလည်း ဓာတ်ဘူး အသေး ထဲ ထည့်ရသည်။
ရေနွှေးဘူး အကြီးကိုလည်း အဆင်သင့် ဖြစ်အောင် လက်ဖက်ခြောက်ခပ်ထားရသည်။
"အလုပ်သမားတွေ အတွက်က ဘဲဥလား..."
"ဟုတ်ကဲ့ မမ..."
"နောက်ဆို အလုံးသေးတာပဲဝယ်..ဟင်းကို စားကောင်းရုံပဲ ချက်နော်..အလကားကျွေးနေရတာ..သူတို့ လုပ်အားခက သူတို့ရပြီးသားပဲ."
"ဟုတ်ကဲ့."
ပစ္စည်းတွေကို ကားဆီ ကို သယ်ပို့ပေးနေရင်းဖြင့် အစ်မ ပြောသမျှကို ဆု ခေါင်းညိတ်နားထောင်ရသေးသည်။
ဆု ဒီနေ့ ဈေးမရောင်းလို့ ခုလို နည်းနည်း ကြည်လင်သွားတာကိုလည်း သိပါသည်။
ငယ်ငယ်ကတည်းက ခုချိန်ထိ လူတွေကို ကပ်ရ ဖားရ မြှောက်ပင့်ရတုန်းဆိုတာ တွေးမိတော့ သက်ပြင်းဖွဖွ ချလိုက်မိသည်။
သူတပါးဆီက အလကားရမဲ့ အရာကို မက်မောရင် အမျိုးစုံသော နှိပ်စက်ခြင်းကို ခံရတယ်ဆိုတာတော့ ငယ်ငယ်ကတည်းက သင်ခန်းစာရခဲ့ပါပြီ..။
အဲဒါကြောင့် ကိုယ့်အတွက် အခွင့်အရေး တစ်ခု ရရှိဖို့ရာ သုံးလေး ငါးခုလောက် ပြန်ပေးဆပ်လိုက်တာကပဲ အန္တရယ်ကင်းသည်လို့ မှတ်ယူထားသည်။
ဈေးရောင်းတာကို စွန့်လွှတ်လိုက်ရတာ နမျောသော်လည်း ဆု့အတွက် အလုပ်မပြုတ်ဖို့က အဓိကပါ..။
"ဆွဲခြင်းတောင်းကော ပို့ပြီးပြီလား."
"ဟုတ်ကဲ့..ပို့ပြီးပါပြီ..မမ."
"အိမ်ပေါ်မှာ လုပ်စရာရှိတာ လုပ်ပြီးရင် ကြာဇံကြော်လိုက်တော့ ..ရှစ်နာရီ လောက် လာယူခိုင်းလိုက်မယ်."
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...