Part 19

9.5K 711 289
                                    


လခြမ်းပဲ့

အပိုင်း (၁၉)

#လခြမ်းပဲ့

05290844

'ဒါလည်း ညည်းအစ်ကို ဆိုသူ ဝယ်ပေးတာပဲမလား."

"အင်းလေ..ဘယ်သူရှိလို့လဲ..သူတစ်ယောက်ပဲရှိတာ."

ဆု အလုပ်လုပ်နေရသော်လည်းပဲ အာရုံက တခြားကို ရောက်နေသည်။

သူများကိစ္စလို့ သဘောထားပြီး စိတ်မဝင်စားဖို့ တွေးထားသော်လည်း စိတ်တွေက စုစည်းလို့မရပါဘူး..။

ခင်ခင်က အိတ်ထဲက အကျႌ ဘောင်းဘီ ဝမ်းစက်လေးကို ဆွဲထုတ်၍ ဖြန့်ပြနေတာကို မကြည့်ပါသော်လည်း မြင်နေရသည်။

ချည်သားဝမ်းစက်လေးဆိုသော်လည်း သူပေးတာမို့ အကောင်းစားဖြစ်မှန်း  သိသာသည်။

"ဟိုတလောကပဲ ကြိုးသိုင်းဖိနပ်လေး ဝယ်ပေးသေးတယ်မလား."

"အင်း..နေတအားပူလို့တဲ့... ခုလို ချည်သားဝမ်းစက်လေးတွေဝယ်ပေးတာ."

"ခင်ခင်မြတို့များ ကံကောင်းချက်အေ."

'ဟုတ်ပ..ဟုတ်ပ...အရမ်းအားကျနေပါပြီ..."

"မမဆု..ဒီမှာ ကြည့်ပါဦး..လှရဲ့လား."

ခင်ခင်က ဆု့ကို လှမ်းခေါ်တော့ တစ်ချက်ကြည့်လိုက်ပြီး ပြုံး၍ ခေါင်းညိတ်ပြလိုက်ရသည်။

ကော်လံမှာ ဖဲပြားလေးတွေပါပြီး အိတ်နှစ်ဖက်မှာလည်း အရုပ်လေးတွေ ပါသည်မို့ ချစ်စရာကောင်းပါသည်။

"လှတယ်.'

"အဟင်း...ခင်ခင်က မမဆု ညီမပါနော်..ခင်ခင်လက်ဆောင်ရတာ မမဆုက ဝမ်းသာပေး.'

"အင်းပါ..."

ဆု အပြုံးဖြင့်ပင် ခေါင်းညိတ်လိုက်ရပါသည်။

"ဟဲ့...ခင်ခင်မြ..နင့်မှာ ဒီလောက် အဝတ်အစားတွေ ပေါနေတာပဲဟယ်...မမဆုကို တစ်ထည် နှစ်ထည်ပြန်မျှလိုက်ပေါ့..သူလည်း ပိန်ပိန်ပါးပါးပဲကိုး.."

"မဖြစ်ပါဘူး..အစ်ကိုက မမဆုကို သဒ္ဒါတာ မဟုတ်ဘူး..မမဆုကို ပေးမယ်ဆိုရင် တအား စိတ်ဆိုးတာပဲ..."

"ဟမ်..ဟုတ်လား..သူငယ်ချင်းလည်းဆိုသေးတယ်.'

"အင်း....အစ်ကိုက အဲလိုပဲ ခင်ခင့်အတွက် ဝယ်ပေးရင် ခင်ခင်သုံးမှ ဝတ်မှကြိုက်တာ..နမျောလို့ သိမ်းထားရင်တောင် မကြိုက်ဘူး..စသိကတည်းက တစ်ခုချင်းစီ လိုအပ်တာကို ဝယ်ပေးတာ..ကြည့်ပါလား..ဒီခေါင်းပေါ်က ဘီးကုတ်လေးက အစ အစ်ကိုဝယ်ပေးတာလေ.."

လခြမ်းပဲ့Where stories live. Discover now