လခြမ်းပဲ့
အပိုင်း (၂၅)
#လခြမ်းပဲ့
06040404
'သက်သာရဲ့လားဟင်...'
'........'
ကောင်းမြတ် နဖူးပေါ် လက်ဝါးတင် စမ်းသပ်၍ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းဖြင့် စောင့်ကြည့်နေသည်။
အခန်းနံရံပေါ်မှာ အချိန်ဇယားစာရွက်ကို မြင်နေရပြီး သူ့နားဆွဲ လခြမ်းလေးက လှုပ်ရမ်းနေသည်။
ကောင်းမြတ် မျက်တောင် တစ်ချက်ခတ်လိုက်သည်။
နားဆွဲလေးနဲ့ နံရံကပ် စက္ကူတွေလည်း ပျောက်သွားပေမဲ့ စိုးရိမ်ပူပန်နေတဲ့ မျက်ဝန်းကတော့ ရှိနေသေးလို့ ပြုံးမိသွားသည်။
'ဟိုကောင်လေးကို နင် အဲလို ပြုစုတယ်လို့တော့ မပြောနဲ့...ဆုဆု...အဲဒါဆို နင်သေလိမ့်မယ်...'
ကောင်းမြတ် စကားပြောလိုက်ပေမဲ့လည်း လည်ချောင်းတွေက နာကျင်ကွဲအက်နေသလိုပါပဲ..။
'ဟုတ်တယ်မလား...'
'မဟုတ်ပါဘူး..'
ကောင်းမြတ် နဖူးပေါ်က လက်ဝါးကို ရုတ်တော့မယ်ဆိုတာ သိတော့ အချိန်မှီ ဖိအုပ်ကိုင်ထားလိုက်ရသည်။
"လူတစ်ယောက် အဖက်ခံရရုံနဲ့ အဖျားကျတယ်ဆိုတာသာ သိရင် ငါ အရက်ဘယ်ဝယ်မလဲ...မိန်းမတစ်ယောက်ရှာထားလိုက်မှာပေါ့..."
'.........'
ကောင်းမြတ် ရန်စလိုက်သော်လည်း ဘာမှ မတုန့်ပြန် နိုင်သူကြောင့် ပျင်းစရာပင် ကောင်းသေးသည်။
အခုမှ မဟုတ်ပါဘူး..။
ဟိုအရင်ကတည်းက တခြားတစ်ယောက်နဲ့ နှိုင်းယှဉ်ပြီး သဝန်တိုတာမျိုး မလုပ်တက်ဘူး..။
အဲဒီ့အစား သူ့သောက က သပ်သပ်လေ..။
သူ့ကြောင့် မိသားစု ထိခိုက်တော့မလား..။
ချစ်သူထားမိလို့ မိဘတွေ ထိခိုက်မလားဆိုတဲ့ အပြစ်ရှိတဲ့ အတွေးမျိုးနဲ့ပဲ ရှင်သန်နေခဲ့ရတာ..။
ချစ်သူ သဘာ၀ သဝန်တိုတာ ရစ်တာနဲ့ပတ်သက်ပြီး ပြဿနာ တက်ရတာက ရှားပါးလွန်းပါသည်။
YOU ARE READING
လခြမ်းပဲ့
Random"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို့ပြောရမလား..တစ်ခုခုပဲ...." ════•❤ ☾⋆*・゚❤•════ ယောက်ျား တစ်ယောက်ရဲ့ မျက်စိအရသာ တွေ့ဖို့က ကိုယ်မဖြစ်နိ...