Part 23

9.8K 736 370
                                    


လခြမ်းပဲ့

အပိုင်း (၂၃)

#လခြမ်းပဲ့

06031002

'ငါးဖယ်လေး...နှစ်ဆယ်သားလောက်...ခြစ်ပေးပါလား'

'အေး..ရတယ်..သမီး..'

ငါးဖယ်ခြစ်တာကို ရပ်စောင့်နေရင်း ကုန်ခြောက်ဆိုင်မှာ တွေ့လိုက်ရတဲ့ လူကြောင့် ဆု အံသြသွားသည်။

'ပြီးမှ လာယူမယ်နော်..'

'ရတယ်..'

ဆု ခြေလှမ်းမြန်မြန် လှမ်းပြီး သွားလိုက်တော့ ထင်ထားသလိုပဲ မသူတို့ လင်မယားဖြစ်နေသည်။

'မသူ..'

'ဟဲ့....မိဆု...'

'ဟုတ်...ဈေးလာတာလား..."

'ဟုတ်ပဟယ်...ဈေးလာဝယ်တာ...နင်ကလည်း ရွာကို ပြန်ကိုမလာဘူး... ...လာခဲ့ဦးလေ...'

'ဟုတ်...လာမယ်...'

'အရင် အလုပ်မှာပဲမလား..'

'ဟုတ်တယ်..မသူ ကျေးဇူးနဲ့လေ...'

'အမလေး..ဘာမှ မဆိုင်ပါဘူးဟယ်...နင် အလုပ်လုပ်ရတာ အဆင်ပြေတယ်မလား..ဒီအလုပ်မှာ ကြာပြီနော်...တချို့တွေ ရန်ကုန်တက်သွားတာပိုအဆင်ပြေတယ် ပြောတယ်..'

'ဟုတ်..ဒီမှာပဲ နေသားကျနေပါပြီ...မသူရယ်...'

အလုပ်ရုံက ကောင်မလေးတွေ အလုပ်ထွက်ပြီး ရန်ကုန်တက်သွားတာ သိပေမဲ့ ဆုကတော့ လက်ရှိအလုပ်မှာပဲ သောင်တင်ကျောက်ချနေမိသည်..။

'အေးလေ..ဪ...ဒါနဲ့...နင့်ယောက်ျားနဲ့ကော တွေ့ဖြစ်သေးလား..'

'ရှင်..'

ဆု့ အံသြလွန်းလို့ မျက်လုံးဝိုင်းသွားကာ  ရင်လည်း ခုန်လာသည်။

'နင့်ကို ငါ အလုပ်ရှာပေးရတယ်ဆိုတာ ဘယ်လိုသိလို့လဲမသိဘူး..ငါ့ကို ဖုန်းဆက်မေးသေးတယ်...ငါလည်း နွယ်တို့ အလုပ်ရုံ လိပ်စာ ပြောပြလိုက်သေးတယ်..လာတွေ့သေးလား..'

'ဟို...အဲဒါ ကြာပြီလားဟင်..'

'ကြာပြီပေါ့.....နှစ်နှစ်လောက် ရှိနေပြီ..ငါက နင်နဲ့ပြန်တွေ့ပြီး နင်လည်း အကူအညီလေးဘာလေး ရနိုင်အောင် လိပ်စာတောင် သေချာပေးလိုက်တာဟ...မတွေ့ဘူးလား..'

လခြမ်းပဲ့Where stories live. Discover now