why...?

70 8 4
                                    

"အကိုလေးရှင့်
သခင်ကြီးခေါ်နေပါတယ်"

အိမ်ဖော်တစ်ယောက်က Haruto ရဲ့အခန်းရှေ့ကနေတံခါးလေးခေါက်ကာပြောလိုက်တယ်
ခနကြာတော့ တံခါးဖွင့်ပြီးအခန်းထဲကထွက်လာတဲ့ Haruto

"ဘယ်မှာလဲ?"

"ဧည့်ခန်းထဲမှာစောင့်နေပါတယ်ရှင့်"

အောက်ထပ်ကိုဆင်းပီး ဧည့်ခန်းထဲ
၀င်လိုက်တာနဲ့မြင်လိုက်ရတဲ့သူ့အဖေရဲ့စိတ်တို
နေတဲ့မျက်နှာ

"Haruto! မင်းဘာလုပ်လာပြန်ပြီလဲ"

"ဘာလုပ်လို့လဲ?"

"မင်း ကားနောက်တစ်စီးဖျက်စီးလာပြန်ပြီ
မင်းလုပ်ချင်တိုင်းကိုလုပ်နေတော့တာပဲ"

"ခင်ဗျားရောဘာထူးနေလို့လဲ?
ကိုယ်လုပ်ချင်တာလုပ်နေတာပဲမလား"

"ဘာ! မင်းငါ့ကိုပြန်ပြောစရာမလိုဘူးကွ
ငါသည်းခံပေးခဲ့တာများပြီ
မင်းနောက်အပတ်ကစပြီး ကျောင်းရောကျူရှင်
ရော ပြန်တက်ရမယ်"

"တောက်စ်"
Haruto တစ်ယောက် ဒေါသထွက်စွာနဲ့ တောက်တစ်ချက်ခေါက်ပီး
အပေါ်ထပ်ပြန်တက်သွားတယ်

Watanabe Haruto ဆိုတာကတော့
Watanabe မိသားစုကတစ်ဦးတည်းသောသား
အရင်ကတော့စာအရမ်းကြိုးစားပြီးအရမ်းလိမ္မာ
တဲ့ကလေးတစ်ယောက်ပါ
အမေဆုံးသွားပြီးအဖေကသူ့ကိုမပြောမဆိုနဲ့
နောက်မိန်းမယူလိုက်ထဲက အဖေနဲ့လဲအဆင်မပြေသလို ကျောင်းကတစ်ချို့တွေနဲ့လည်းအဆင်မပြေဘူး
ပိုက်‌ဆံကိုရေလိုစဖြုန်းလာပြီး စာဆိုလဲ
လှည့်တောင်မကြည့်လို့ ၁၀တန်း ၃နှစ်ကျပြီးပြီ
အခုလည်း အပြင်မှာ ဘော်ဒါတွေနဲ့လျှောက်သွား
ရင်းကနေ ကားတစ်စီးနဲ့ညှိလာပီး သူ့ကားမျက်နှာကပျက်စီးလာတာပေါ့

"စာရွက်စာတန်းတွေပြင်ဆင်ထား
သားငယ်ကိုကျောင်းအပ်ဖို့"

"ဟုတ်ကဲ့ပါဆရာ"

>>>>>>>

Ruto တစ်ယောက်သူ့အဖေအတင်းခေါ်လို့
ကုမ္ပဏီကိုရောက်လာတယ်
သူ့အဖေအလုပ်ခန်းထဲ၀င်လိုက်တော့
သူ့အဖေဘေးမှာ သူနဲ့ရွယ်တူလောက်ပဲရှိ
တဲ့ကောင်လေးတစ်ယောက်

One Shot Collections✿Where stories live. Discover now