Anniversary 🍃

44 6 0
                                    

Notes တွေရေးရင်း စာကိုသာအာရုံရောက်နေသော Choi Hyunsuk ။

"အတန်းခေါင်းဆောင်ရေ "

အတန်းထဲသို့အပြေးအလွှား၀င်လာသော ကောင်လေး၏ခေါ်သံကြောင့် မော့ကြည့်မိသွားသည်

" Park Jihoon ရန်ဖြစ်နေပြန်ပြီ!"

"ဘယ်လို.."

အမြဲကြားနေကျစကားမလို့သိပ်တော့ မလန့်တော့ပါ

"ဒုခေါင်းဆောင်ရေ အတန်းထိန်းပေးပါအုန်း"

"အေအေ အမြန်သွားအုန်း"

မသွားခင်ဆေးပေးခန်း၀င်ကာ ဆေးသေတ္တာ၀င်ယူလိုက်သေး၏

"ဘယ်မှာလဲ? ခေါ်သွားပေး"

"လာလာ"

^^^^^^^

Hallway တစ်ခုတွင်

လူအများအားစုဝေးနေပြီး ထိုလူများအလယ်တွင် ကောင်လေးတစ်ယောက်ကို ပိုဆိုးပက်စက်ထိုးနေသော ဆံပင်မီးခိုးရောင်အနုလေးနဲ့ ကောင်လေးတစ်ဦး

ထိုကောင်လေးကတော့ Hyunsuk ရဲ့ရည်းစား Jihoon ပါပဲ

"တားကြလေ ဘာလုပ်နေတာလဲ?"

ကျောင်းအုပ်ရဲ့သားမလို့ အားလုံးက Hyunsuk စကားဆိုနားထောင်ကြသည်

ချက်ချင်းပဲရပ်ကြည့်နေတဲ့လူတွေဟာ ၀င်ဆွဲကြတယ်

"လာ မောင်"

ဒေါပွနေသူအား လက်ကဆွဲခေါ်လာလေသည်

-----^^^^^^

" ဒီတစ်ခေါက်ကောဘာဖြစ်ပြန်ပြီလဲ,မောင်?"

" အဲ့ကောင်ဘာပြောတယ်မှတ်လို့လဲ!

အချစ်ကကျောင်းအုပ်သားမို့လို့သာမလို့ပေါ့ တဲ့
နောက်မို့ဆို ပြန်ပြောရဲတယ်ပြန်ထိုးရဲတယ်လေ ဘာလေးနဲ့ ။ အဲ့တာကြောင့်မောင်ကကြည့်မရလို့ထိုးတာ"

"အခုတော့ မောင့်မျက်နှာလေးပါဒဏ်ရာရပြီမလား"

"ဒီလောက်ကတော့ အပျော့လေးပါ..."

"ဆေးထည့်ပေးမယ် လာလာ"

ကျောင်းအုပ်ရဲ့သား , တစ်ကျောင်းလုံးမှာစာအတော်ဆုံးလည်းဖြစ်တဲ့ Choi Hyunsuk နဲ့ စာတော်ပေမဲ့ အဆိုးလေး , ရန်မဖြစ်တဲ့ရက်ဆိုတာမရှိသလိုကို ဖြစ်နေတဲ့ Park Jihoon ။ ဂျူနီယာနှစ်မှာစတွေ့ပြီး မထင်မှတ်ပဲချစ်မိကာ အခုထိ ခိုင်မြဲပြီး လူအများအားကျရတဲ့ အတွဲလေးပေါ့ ။ Jihoon ကရန်ဖြစ်ပြီးတိုင်းရလာတဲ့ ဒဏ်ရာတွေကို Hyunsuk ကဆေးထည့်ပေးရ ပြုစုပေးရနဲ့ ။ Jihoon တို့နားထောင်တာဆိုလို့ သူ့ချစ်သူလေးစကားပဲရှိမယ်ထင်ပါ့ ။ စာဆိုလည်း သူ့ချစ်သူလေးနဲ့ပဲတူတူလုပ်ဖြစ်တာများပါတယ် ။

One Shot Collections✿Where stories live. Discover now